အိနိ္ဒယ မှ မုန်တိုင်း ဒုက္ခသည်များ အထောက်အပံ့များ မရသေး

alt

လွန်ခဲ့သော အပါတ်များ ဆီက အိန္ဒိယ နိုင်ငံ အတွင်း အိုင်လာ ဆိုင်ကလုန်း မုန်တိုင်း ၀င်ရောက် တိုက်ခတ် သွားသည့် အနောက် ဘင်္ဂလားဒေသ အတွင်း ထောင်ပေါင်း များစွာသော

မုန်တိုင်း ဒဏ်သင့် ပြည်သူများ သည် ယခုတိုင် အထောက်အပံ့များ မရ ရှိသေးကြောင်း ဒေသ ဆိုင်ရာ သတင်း မီဒီယာများ မှ ဖော်ပြ ခဲ့ကြသည်။

အနောက် ဘင်္ဂလားဒေသ အုပ်ချုပ်ရေးမှူး ဘက်ဟာဒပ် ဘက်တာ ချာဂျီး သည် ဇွန်လ (၁) ရက်နေ့က ပါဂနက်ခရိုင် အတွင်း သွားရောက် စစ်ဆေးစဉ် ဒုက္ခ ရောက်နေသော ဒေသခံ မုန်တိုင်းဒဏ်သင့် ပြည်သူများ ၏ အပြင်းအထန် ကန့်ကွက် ဆန္ဒပြခြင်း ကို ခံခဲ့ရသည်။

ထို့အပြင် အုပ်ချုပ်ရေးမှူး အနေနှင့် မုန်တိုင်း ၀င်ရောက် တိုက်ခတ်ပြီး ကာလ အတန်ကြာမှ လာရောက်ခြင်း ကိုလည်း မကျေနပ်ကြောင်း လူအများက အော်ဟစ် ခဲ့ကြသည်။ အိုင်လာ ဆိုင်ကလုန်း သည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နှစ် နို်င်ငံ ကို ၀င်ရောက် တိုက်ခတ် သွားပြီးနောက် အိန္ဒိယနိုင်ငံ အတွင်း ခရိုင်ကြီး (၁၃) ခုမှ (၁၉) ခု အထိ မုန်တိုင်း ဒဏ် ကို ခံခဲ့ရသည်။

လူ(၂၅၀)မျှ သေဆုံးခဲ့သော မုန်တိုင်းအတွင်း အိန္ဒိယ နိုင်ငံတွင် လူ(၁၂၅)ဦး ထက်မနည်း သေဆုံးကြောင်း အာဏာပိုင်များ က အတည်ပြု ထားသည်။ မုန်တိုင်းကြောင့် အိနိ္ဒယနိုင်ငံ အတွင်း အိမ်ခြေ (၆)သိန်းကျော်သည် တစိတ်တပိုင်း (သို့မဟုတ်) လုံးဝ ပျက်စီးသွားပြီး လျှပ်စစ် မီးကြိုးများ လည်း ပြတ်တောက်သဖြင့် ဓာတ်အားများ လဲ မရရှိတော့ပေ။

မုန်တိုင်း ဒဏ်သင့် ဒေသများ အတွင်း အစိုးရ အနေ နှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ကို အရှိန်မြှင့် ဆောင်ရွက်မည် ဟု ကတိပြု ထားသော်လည်း ဒုက္ခသည် အတော်များများ ထံ သို့ ထောက်ပံ့ရေး ပစ္စည်းများ မရောက်ရှိကြောင်း သတင်းများ က ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here