Airbus ၏ ပေါင်သန်း(၃၀၀)တန် လေယာဉ် ထုတ်ဖော်ပြသ

alt

Airbus ကုမ္မဏီ က ၎င်းတို့ထံတွင် အထူးတလည် အော်ဒါ မှာထားသည် ပေါင်သန်း (၃၀၀)တန် စူပါဂျမ်ဘို ခရီးသည်တင် လေယာဉ်ကြီးအား ထုတ်ဖော် ပြသလိုက်သည်။

မိုးပျံ နန်းတော်ဟုပင် တင်စား ခေါ်ဝေါ် နိုင်အောင် ခမ်းနားလှသည့် အဆိုပါ လေယာဉ်ကြီး အား အရှေ့ အလယ်ပိုင်းဒေသမှ အာရပ် မင်းညီမင်းသား တစ်ဦး က မှာယူခဲ့ခြင်း ဖြစ်သည်။

လေယာဉ်တွင် အထပ် (၃)ထပ်ပါရှိပြီး အိပ်ခန်း(၄)ခန်း၊ တူရကီ ရေချိုးခန်း တစ်ခန်းနှင့် အစည်းအဝေး ခန်းမ စသဖြင့် ပါရှိသည်။ အချိန် (၃)နှစ်ကြာ  တည်ဆောက်ခဲ့ရသော အဆိုပါ ဂျက်လေယာဉ်ကြီး သည် ကမာ္ဘပေါ် တွင် အကြီးမားဆုံး ပုဂ္ဂလိကပိုင် ဇိမ်ခံ ဂျက်လေယာဉ်ကြီး ဖြစ်လာ ခဲ့သည်။

အဆိုပါ ဂျက်လေယာဉ်သည် Savoy ဟိုတယ်ကို ပိုင်ဆိုင်သော ဆော်ဒီမင်းသား အယ်ဝါလိ ဘင်တာလယ် အတွက် သီးသန ့်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ သာမန်အားဖြင့် လူ(၆၀၀)အထိ တင်ဆောင်နိုင်မည် ဖြစ်သော အဆိုပါ လေယာဉ်ကြီးအား အလွန် အဆင့်မြင့်သည့် ဇိမ်ခံ နန်းဆောင်ကြီး အဖြစ် လူနည်းစု အတွက်သာ ရည်ရွယ် ဆောက်လုပ်ထားသည်။

လေယာဉ် အတွင်း မင်းသား၏ ကိုယ်ပိုင် ရိုးရွိုက်ကားကြီး ထည့်သွင်းနိုင်ရန် ဂိုဒေါင်တခုကိုပါ ထည့်သွင်း တည်ဆောက်ထားကြောင်း Airbus က ယမန်နေ့က ထုတ်ဖေါ် ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here