မိခင်အား သတ်ဖြတ်မိသည့် အိပ်နေရင်း ယောင်တတ်သူ အမျိုးသမီးတွင် အပြစ် မရှိ

alt

အိပ်ပျော် နေသော မိခင်အား သတ်ဖြတ် ရန် ကြိုးပမ်း ခဲ့သော ဗြိတိန် အမျိုးသမီး မှာ အိပ်ပျော် နေရင်း လမ်းလျှောက် တတ်သူ ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိ အပြီး တရားသေ လွတ်မြောက် သွားပြီ ဖြစ်သည်။

အသက် (၃၃)နှစ်ရှိ ဒွန်နာ ရှက်ပတ် ဆောင်းဒါ သည် သူမ၏ မိခင် ပင်မလာ ရှက်ပတ် ကို ခေါင်းအုံးဖြင့် ဖိသတ်ရန် ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲ ခံခဲ့ရသူ ဖြစ်သည်။

သို့သော်လည်း တရားရုံးက ဒွန်နာသည် မိခင် ဖြစ်သူအား သတ်ဖြတ်ရန် ရည်ရွယ်ကြောင်း သက်သေ အထောက်အထား ခိုင်လုံစွာ မရှိဟု ဆိုကာ တရားသေ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ ရဲများသည် ထို ကိစ္စအတွက် မေးမြန်းမှုများ ပြုလုပ်ခဲ့ကြပြီး ဒွန်နာ၏ ဖခင်ကိုယ်တိုင်က သမီးဖြစ်သူသည် အိပ်ပျော်နေရာမှ ယောင်ပြီး လမ်းလျှောက်တတ်ကြောင်း ထောက်ခံ ပြောဆိုခဲ့သည်။

ဒွန်နာသည် အသက်(၅၄)နှစ် အရွယ် မိခင်ကြီးက ရဲတပ်ဖွဲ့ထံ ဖုန်းဆက် ပြီးနောက် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ သူမ၏ အမှုကို (၉)လမျှ ကြာအောင် စစ်ဆေး နေခဲ့ပြီးနောက် ယခုအခါ ဒွန်နာမှာ အပြည့်အဝ လွတ်လပ်ခွင့် ရရှိသွားပြီ ဖြစ်သည်။

ဒွန်နာ၏ မိခင်ဖြစ်သူ ပင်မလာ ကိုယ်တိုင် ကလည်း သမီးသည် အိပ်နေလျက်နှင့် လမ်းထလျှောက်မှုမျိုး တခါတရံ ဖြစ်လေ့ရှိကြောင်း ၀န်ခံခဲ့ပြီး ထိုကိစ္စသည် သူမငယ်စဉ်က သွေးကင်ဆာ ရောဂါကို ကုသရာမှ ဘေးထွက် ဆိုးကျိုးအဖြစ် ကျန်ရစ်ခဲ့ခြင်း ဖြစ်ကြောင်း တရားရုံးတွင် အစစ်ခံ သွားခဲ့သည်။

ရဲတပ်ဖွဲ့ ကမူ ဒွန်နာ၏ အိမ်သားများအား နောက်တစ်ကြိမ် ထိုဖြစ်ရပ်မျိုး ပေါ်ပေါက် လာနိုင်သောကြောင့် ဂရုတစိုက် နေသင့်ကြောင်း သတိပေး ပြောကြားထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here