ကမ္ဘာ့ အငြိမ်းချမ်းဆုံး နိုင်ငံ စာရင်းတွင် နယူးဇီလန် ထိပ်

alt

ကမာ္ဘပေါ်တွင် အေးချမ်းမှု ငြိမ်းချမ်းမှု အရှိဆုံး နိုင်ငံများ စာရင်း တွင် ပစိဖိတ် သမုဒ္ဒရာ အတွင်း ရှိ ကျွန်းနိုင်ငံလေး နယူးဇီလန် က ထိပ်ဆုံးမှ ရပ်တည်လျှက် ရှိသည်။

ယခုနှစ် အတွက် ကမာ္ဘ့ အအေးချမ်းဆုံး နိုင်ငံများ စာရင်း ကို ဩစတြေးလျ နိုင်ငံ ဆစ်ဒနီ တက္ကသိုလ် ရှိ စီးပွားရေး နှင့် ငြိမ်းချမ်းရေး ဆိုင်ရာ ပညာရေးဌာနက ကမာ္ဘ့နိုင်ငံ (၁၄၄) ခုအား သက်ဆိုင်ရာ နယ်ပယ် (၂၃) ခု သတ်မှတ်ပြီး လေ့လာ ပြုစုခဲ့သည်။

နယူးဇီလန်သည် လူဦးရေ (၄.၂) သန်းရှိပြီး ယမန်နှစ်က တတိယ နေရာတွင်သာ ရပ်တည်နိုင်ခဲ့ သော်လည်း တည်ငြိမ်သော အစိုးရတစ်ခု ဖွဲ့စည်းနိုင်ခြင်း၊ ဩစတြေးလျ နှင့် ကုန်သွယ်မှု တိုးမြှင့်ရန် သဘောတူ စာချုပ်တစ်ရပ် ချုပ်ဆို နိုင်ခဲ့ခြင်းတို့ကြောင့် ထိပ်ဆုံးနေရာသို့ တမဟုတ်ခြင်း တက်လှမ်း နိုင်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယ နှင့် တတိယ တို့တွင် ဒိန်းမတ် နှင့် နော်ဝေး တို့က ရပ်တည်နေပြီး အိုက်စ်လန် နိုင်ငံ ကမူ ယမန်နှစ် ပထမ နေရာမှ စတုတ္ထ နေရာအဆင့် အထိ ကျဆင်း သွားခဲ့ရသည်။ ထိုသို့ ကျသွားရာတွင် ၎င်း၏ ဘဏ်စနစ် ပြိုကွဲသွားခြင်း နှင့် လမ်းပေါ်တွင် ဆန္ဒပြမှုအချို့ ပေါ်ပေါက်ခဲ့ခြင်း တို့က အဓိက အကြောင်းရင်းများ ဖြစ်လာခဲ့သည်ဟု ယင်း စစ်တမ်း ကောက်ယူမှု တွင် ဖေါ်ပြ ထားသည်။

ဆိုးရွားမှု စာရင်းပါ နိုင်ငံများအနက် အီရတ်၊ အာဖဂန်နစ္စတန်၊ ဆိုမာလီယာ နှင့် အစ္စရေးနိုင်ငံ တို့သည် ကမာ္ဘပေါ်တွင် မငြိမ်းချမ်းဆုံး နိုင်ငံများအဖြစ် ဇယား အောက်ဆုံးတွင် ရပ်တည်နေကြပြီး ကမာ္ဘ့ စီးပွား ပျက်ကပ် ကြီး စတင် ပေါ်ပေါက်ခဲ့ရာ အမေရိကန် နိုင်ငံ မှာ မူ အဆင့် (၈၃) တွင် ရှိနေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here