ဒုံးကျည် ထပ်မံ ပစ်လွှတ်ရန် မြောက်ကိုရီးယားတို့ အသင့်ပြင်

alt

မြောက်ကိုရီးယား နိုင်ငံသည် နောက်ထပ် မဟာဗျူဟာ ဒုံးကျည် တစ်စင်းကို ပစ်လွှတ်ရန် အသင့် ဖြစ်နေပြီဟု ယုံကြည်ရကြောင်း Glabal Security ဝဘ်ဆိုဒ်မှ သူလျိုဂြိုဟ်တုနှင့်

ရိုက်ကူးထားသော ဓာတ်ပုံများ အရ သိရှိရသည်ဟု ထုတ်ဖေါ် ပြောဆို လိုက်သည်။

မြောက်ကိုရီးယား နိုင်ငံ အနောက်မြောက် ကမ်းခြေရှိ ဒုံးကျည် ပစ်လွှတ်စင်တွင် အသင့်ဖြစ်နေသော တာဝေး (သို့မဟုတ်) တာလတ်ပစ် ဒုံးကျည်အား ဝေဟင်မှ ရိုက်ကူး ထားသည့် ဓာတ်ပုံကို Global Security ၀ဘ်ဆိုက်မှ တဆင့် ထုတ်ဖေါ် ပြသခဲ့သည်။

ပစ်စင်နှင့် အခြားသော လိုအပ်သမျှ အရာအားလုံး အတွက် စီစဉ်ပြီး ဖြစ်နေကြောင်း ဓာတ်ပုံတွင် ဖော်ပြ ထားခဲ့ပြီး၊ ထိုဓာတ်ပုံ အရ မြောက် ကိုရီးယားသည် ၎င်း၏ ဒုံးကျည် စမ်းသပ်မှုကို ယခုလ အလည်မတိုင်မီ ပြုလုပ် သွားဖွယ်ရှိကြောင်း ခန့်မှန်းရသည်။

၀ဘ်ဆိုက်၏ အဆိုအရ ဒုံးကျည်သည် နောက်ဆုံးအဆင့် ဆောက်လုပ်မှုများကို အပြီးသတ် နေပြီဖြစ်ကြောင်း သိရသည်။ ထိုဓာတ်ပုံများကို အင်တာနက်တွင် ဖော်ပြပြီးနောက် တောင် ကိုရီးယားနိုင်ငံ အတွင်း စိုးရိမ်မှုမှာ ပိုမို တိုးတက်လာပြီး ပြံုယမ်း အစိုးရ၏ အနာဂတ် အစီအစဉ် အတွက် တစထက် တစ ပူပန်နေရကြောင်း တောင်ကိုရီးယား နှင့် ဂျပန်နိုင်ငံထုတ်  သတင်းများက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here