ဘာစီလိုနာ ကွင်းလယ်လူ ယာယာတိုရေး အား အေစီ နှင့် အာဆင်နယ် အပြိုင် ခေါ်ယူဖွယ်

alt

ဘာစီလိုနာ အသင်း၏ အိုင်ဗရီကို့စ် ကွင်းလယ်လူ ယာယာတိုရေး ကို ခေါ်ယူရန် အေစီမီလန် နှင့် အာဆင်နယ် တို့အပြိုင် ကြိုးစားရဖွယ် ရှိကြောင်း သိရသည်။

အသက် (၂၆) နှစ်ရှိ ကွင်းလယ် ကစားသမား သည် ယခုနှစ် အတွင်း ဘာစီလိုနာ တို့ ဖလား (၃) လုံး ဆွတ်ခူးရာ တွင် အရေးပါ သော အခန်းကဏ္ဍ မှ ပါ၀င် ခဲ့ပြီး ၎င်း အား အာဆင်နယ် အသင်းက ကွင်းလယ် အင်အား ဖြည့်တင်းရန် အလိုရှိနေ ပေသည်။

အာဆင်နယ် နည်းပြ အာစင်ဝင်းဂါး အနေ နှင့် ယာယာ ကို ခေါ်ယူရန် အတွက် အသင်း မှ ၎င်း၏ အစ်ကို တော်စပ်သူ ကိုလိုတိုရေး အား အကူအညီ တောင်းခံ သွားဖွယ် ရှိသည်ဟု အားကစား သတင်းများ တွင် ထင်ကြေးပေး ဖေါ်ပြနေပြီး  ထို့အတူ အေစီမီလန် ကလည်း ယာယာအား ခေါ်ယူ နိုင်ရန် ဘာစီလိုနာ အား စိတ်ဝင်စားနေပြီး အာဆင်နယ် နှင့် အပြိုင် ပေါင် (၁၂) သန်းပေးပြီး ကမ်းလှမ်းရန် ပြင်ဆင် နေသည်။

ဘာစီလိုနာ သည် ယာယာ ၏ နေရာတွင် တစထက်တစ ခြေစွမ်း တိုးတက်လာနေသည့် စပိန် လူငယ်လေး ဘက်ကွက်စ် အား အစားထိုးရန် စဉ်းစား နေသဖြင့် ယာယာ အား ရောင်းချ သွားဖွယ်ရာ ရှိနေသည်။ အရပ် (၆) ပေ၊ (၃) လက်မ အမြင့် ရှိသော ကွင်းလယ်လူ သည် အင်တိုက် အားတိုက် ကစားနိုင်ပြီး ပါးနပ်သူ ဖြစ်သဖြင့် ၎င်းအား လိုချင်သူ ပေါများနေပြီး ဘာစီလိုနာ မှ ကြိုက်ဈေး ခေါ် နိုင်ဖွယ် ရှိသည်။

သတင်းများ အရ ဘာစီလိုနာ သည် ချဲလ်ဆီး တောင်ပံ ခံစစ်မှူး ဘော်ဇင်ဝါ အား ခေါ်ယူရန် အတွက် ယာယာ အား ရောင်းချ သွားဖွယ် ရှိကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here