သား သမီးများကို လူမြင်ကွင်း သို့ အတူ ခေါ်လာခဲ့သည့် မိုက်ကယ်လ် ဂျက်ဆင်

alt

၎င်း ၏ သား၊ သမီးများ ကို လူမြင်ကွင်း သို့ ထုတ် မပြခဲ့သည် မှာ တနှစ်မျှ ကြာမြင့်ပြီ ဖြစ် သော်လည်း မိုက်ကယ်လ် ဂျက်ဆင် သည် ဇွန်လ (၄) ရက် နေ့ က မူ လော့စ် အိန်ဂျလိစ် မြို့တော် ရှိ အသံသွင်း စတူဒီယို တစ်ခုသို့ သွားရောက် ရာတွင် သား နှင့် သမီး ကို အတူ ခေါ်ဆောင် လာခဲ့သည်။

အသက် (၁၂)နှစ် အရွယ်ရှိ သားကြီး ဖြစ်သူ ပရင့်(စ်) မိုက်ကယ်လ်  နှင့် အသက် (၁၁) နှစ်ရှိ သမီးလေး ပါရီ တို့မှာ ဖခင် နှင့် အတူ ထွက်ပေါ် လာသည် ကို သတင်းထောက်များ က ဓာတ်ပုံ ရိုက်ယူ နိုင်ခဲ့ ကြသည်။

အသက် (၅၀) အရွယ် Pop အဆိုတော်ကြီး ၏  သားငယ် ဖြစ်သူ (၇) နှစ် အရွယ် သားလေး ပရင့်စ်  မိုက်ကယ်လ် II မှာ မူ ထိုနေ့ က မပါ လာခဲ့ပေ။ ၎င်းတို့ သားအဖ (၃) ယောက်သည် စတူဒီယို သို့ သွားရောက်ပြီး မကြာမီမှာ ပင် ပရိသတ်များ က သတိထားမိ လာပြီးနောက် ကလေး (၂) ဦးသည် ကစားစရာ ငှက်မွေး မျက်နှာဖုံးများ ဖြင့် မျက်နှာ ကို ဖုံးကွယ် လိုက်ကြ သည်။

ပရိသတ်များ ကမူ ကလေး (၂) ဦးသည် မိုက်ကယ်လ် ဂျက်ဆင် (၁၉၉၆) ခုနှစ်က လက်ထပ် ခဲ့သည့် ၎င်းတို့ ၏ မိခင် ဒက်ဘီရိုဝီ နှင့် ရုပ်ချင်း ပိုဆင်ကြောင်း မှတ်ချက်ပြု ခဲ့သည်။

ကလေး (၂) ဦးလုံးမှာ လူဖြူလေးများ ဖြစ်သော်လည်း မိုက်ကယ်လ် ဂျက်ဆင် ၏ တရားဝင် ဇနီး မဟုတ်သူ အမျိုးသမီး တစ်ဦး က မွေးဖွား ခဲ့သည့် သားငယ် ဖြစ်သူ  ပရင့်စ် မိုက်ကယ်လ် II မှာမူ အဆိုတော်ကြီး ငယ်စဉ် က ကဲ့သို့ပင် နက်မှောင်သော အသားအရေ ရှိကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here