မြောက် ကိုရီးယား အပေါ် အမေရိကန် အစိုးရ ဆက်လက်ပိတ်ဆို့ အရေးယူမည်

alt

အမေရိကန် နိုင်ငံသည် မြောက် ကိုရီးယားအား ပိတ်ဆို့မှုများ ဆက်လက် ပြုလုပ် သွားမည် ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန် ကြေညာလိုက်သည်။

၎င်းတို့သည် မြောက် ကိုရီးယား အစိုးရက လူသားချင်း စာနာမှု အတွက် ပေးပို့နေသော အထောက်အပ့ံများကို စစ်ရေးတွင် အသုံးချခဲ့ သည်ဟု ယူဆကာ သီးခြား ပိတ်ပင်မှုများ ပြုလုပ် သွားဖွယ်ရှိကြောင်း တောင် ကိုရီးယား အခြေစိုက် ချိုဆန်း အီဘို သတင်းစာကြီးက သုံးသပ် ရေးသားခဲ့သည်။

အမေရိကန် ဒုတိယ လုံခြံုရေး အကြီးအကဲ ဂျိမ်း စတိန်းဘတ် က တောင် ကိုရီးယား သမတ နှင့် ဇွန်လ (၄)ရက် နေ့က တွေ့ဆုံပြီး မြောက်ကိုရီးယား အား ပိတ်ဆို့မှုများ ဆက်လက် ပြုလုပ်သွားရန် ဆွေးနွေးခဲ့ကြသည်။

နောက် တနေ့တွင်မူ သတင်းစာကြီးက တောင်ကိုရီးယားက အမေရိကန် နှင့် သဘောထားချင်း မတိုက်ဆိုင်ဘဲ မြောက် ကိုရီးယားကို ပိတ်ဆို့မှုများ မပြုလုပ်ပါရန် ကန့်ကွက် တောင်းဆိုမည် ဆိုလျှင်လည်း အမေရိကန် ကမူ တသီးတခြား ပိတ်ဆို့မှုမျိုး ဆောင်ရွကန်နိုင်ကြောင်း ရေးသားခဲ့သည်။

ထို ကိစ္စအတွက် ဆိုးမြို့တော်ရှိ အမေရိကန် သံရုံးက အတည်ပြုချက်ပေးရန် ငြင်းဆန်ထားပြီး ပြံုယမ်း အစိုးရသည် ပြီးခဲ့သော လအတွင်းက အနုမြူဗုံးတစ်လုံး စမ်းသပ် ဖောက်ခွဲခဲ့ပြီးနောက် အမေရိကန်က အပြင်းအထန် ကန့်ကွက်ခဲ့သလို နောက်ထပ် ခေတ်မီ ဒုံးကျည်များလဲ ပစ်လွှတ် စမ်းသပ်ခဲ့သဖြင့် ယခုကဲ့သို့ အကြီးအကျယ် ပိတ်ဆို့ရန် ပြင်ဆင်လာခြင်း ဖြစ်သည်။

မြောက် ကိုရီးယားဘက် မှမူ ၎င်းတို့အနေနှင့် နိုင်ငံတကာ ဖိအားများကို ဂရုမစိုက်ဘဲ တိုင်းပြည်အင်အား တောင့်တင်းရေး အတွက်သာ ဆောင်ရွက်မည် ဖြစ်ကြောင်း လက်တုန့်ပြန် ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here