ထိုင်း နှင့် တရုတ် အစိုးရများကြောင့် မြန်မာ စစ်အစိုးရ ခေါင်းမာ

alt

ထိုင်း နှင့် တရုတ် အစိုးရများ သည် မြန်မာ နိုင်ငံ နှင့် ကုန်သွယ်မှု လုပ်ငန်းများ ပိုမို တိုးမြှင့် နေခြင်း ကြောင့် ဒေါ်အောင်ဆန်းစုကြည် အား ပြန်လွှတ် ပေးရေး အတွက် နိုင်ငံတကာမှ

တောင်းဆိုမှုများ ကို မြန်မာ စစ် အစိုးရ က ခေါင်းမာမာ ဖြင့် ငြင်းဆန် လစ်လျူရှု နေခြင်း ဖြစ်ကြောင်း Bloomberg သတင်း ဌာန က သုံးသပ် ဖော်ပြ လိုက်သည်။

မြန်မာ စစ်အစိုးရ အား နိုင်ငံတကာ က ပိတ်ဆို့မှုများ ပြုလုပ် နေသည့်တိုင် အဆိုပါ (၂) နိုင်ငံသို့ သဘာဝ ဓာတ်ငွေ့ အပါအဝင် အခြားသော ပို့ကုန် ပစ္စည်းများ ရောင်းချ နေခြင်းကြောင့် မြန်မာ စစ်အစိုးရသည် နိုင်ငံတကာ ပိတ်ဆို့မှုများအား တင်းတင်းမာမာ တုန့်ပြန်နိုင်စွမ်း ရှိနေခြင်း ဖြစ်သည်။

အာရှ ၏ သတ္တမမြောက် အကြီးမားဆုံး သဘာဝ ဓာတ်ငွေ့သိုက်ကြီး ကို ပိုင်ဆိုင်ထားသော မြန်မာ နိုင်ငံ စစ်အစိုးရ အနေ နှင့် ထိုဓာတ်ငွေ့များကို ရောင်းချခြင်းမှ ၀င်ငွေဒေါ်လာ (၃.၆) ဘီလျံထိ ရရှိပြီး ဖြစ်သလို (၂၀၁၅) ခုနှစ်တွင် ထိုပမာဏ၏ နှစ်ဆထိ ရရှိ လာဖွယ်ရာ ရှိကြောင်း Bloomberg က ဆိုသည်။

အမေရိကန် နှင့် ဥရောပ ယူနီယံ အပါအဝင် ကမာ္ဘ့ နိုင်ငံများက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား မလွှတ်ပေးပါ က စီးပွားရေးအရ ပိတ်ဆို့မှုများ ပြုလုပ်မည်ဟု အကြပ်ကိုင် လိုသော်လည်း မြန်မာ စစ် အစိုးရ ၏ မိတ်ဖက် စီးပွားရေး နိုင်ငံ(၂)ခုကြောင့် မြန်မာ စစ်အစိုးရမှာ နိုင်ငံခြားဝင်ငွေ ပုံမှန်ရရှိနေပြီး ဖိအားများကို အပြံုးမပျက် ရင်ဆိုင် နေနိုင် ဆဲ ဖြစ်သည်။

မြန်မာ စစ်အစိုးရသည် (၁၉၉၉) ခုနှစ်မှ (၂၀၀၇) ခုနှစ်အတွင်း နိုင်ငံခြားဝင်ငွေ ပမာဏသည် (၁၀) ရာခိုင်နှုန်းထိ တိုးတက်လာပြီး (၃၈၃.၉) ဘီလျံ ဒေါ်လာဖိုး အထိ ရရှိခဲ့ကြောင်း ကြေညာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here