အမေရိကန် သမတ အိုဘားမား ၏ ကိုင်ရိုမိန့်ခွန်း အထူး အောင်မြင်ဟုဆို

alt

အမေရိကန် သမတကြီး မစ္စတာ ဘားရက် အိုဘားမား ၏ အီဂျစ်နိုင်ငံ၊ ကိုင်ရို တက္ကသိုလ် မှ မိန့်ခွန်းသည် အထူးအောင်မြင်မှု ရရှိခဲ့ကြောင်း ကမာ္ဘ့ မီဒီယာများက သောင်းသောင်းဖြဖြ အလေးထား ဖေါ်ပြကြ သည်ဟု သိရသည်။

ဇွန်လ (၄)ရက် နေ့က ပြောကြားခဲ့သည့် မိန့်ခွန်းသည် အိုဘားမား၏ အာရပ် လူ့အဖွဲ့အစည်း နှင့် ပတ်သက်ပြီး ၎င်း၏အမြင်၊ သဘောထားများကို ဖော်ပြ သွားခဲ့ခြင်းဖြစ်ပြီး အပြုသဘောဆောင်သော အခြေအနေမျိုး ဖြစ်အောင် ပြောဆို သွားသည်။

အိုဘားမား သည် ကိုရန် ကျမ်းစာ မှ ကောက်နှုတ်ချက်များကို မိန့်ခွန်းအတွင်း ထည့်သွင်း ပြောဆိုခဲ့သလို ၎င်းတို့သည် အပြန်အလှန် ဆက်ဆံရာတွင် ရိုးသားသင့်ကြောင်း ၀န်ခံသွားသည်။

အီရတ်လူမျိုး အများစုက အမေရိကန် သမတဟောင်း ဂျော့ဘုရှ် လက်ထက်က ယိုယွင်းခဲ့သော အာရပ်-အမေရိကန် ဆက်ဆံရေးသည် အိုဘာမား လက်ထက်တွင် ပိုမိုကောင်းမွန်လာမည်ဟု မျှော်လင့်နေကြပြီး အိုဘားမားက အရှေ့အလယ်ပိုင်း ဒေသတွင် ငြိမ်းချမ်းရေး ရရှိစေရန်အတွက် အစ္စရေးရော၊ အာရပ်နိုင်ငံများပါ ညီညွတ်မျှတသော လူ့အဖွဲ့အစည်းတစ်ခု ရှိနေရန် လိုအပ်ကြောင်း ပြောဆိုသွားသည်။

အထူးခြားဆုံးမှာ သမတကြီးက ၎င်း၏ မိဘဘိုးဘွားများ မွေးဖွား ကြီးပြင်းခဲ့ရာ ကင်ညာနိုင်ငံ အကြောင်းနှင့် ၎င်း၏ ကလေးဘဝက သွားရောက် နေထိုင်ခဲ့သော အင်ဒိုနီးရှား နိုင်ငံအကြောင်း တို့ကို မိန့်ခွန်းထဲတွင် ထည့်သွင်း ပြောဆိုသွားခြင်းပင် ဖြစ်သည်။

အိုဘားမား ၏ မိန့်ခွန်းအား ကမာ္ဘအရပ်ရပ်ရှိ မွတ်ဆလင်နိုင်ငံ အစိုးရများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here