မင်းသားနှင့် အနမ်းပေးသည့် ဇာတ်ဝင်ခန်း ရိုက်ရင်း မီဂန်းဖော့စ် စိတ်ပျက်ခဲ့ရ

alt

မင်းသမီး မီဂန်ဖော့စ် အတွက် ငိုမလိုပင် ဖြစ်ရသော စိတ်ပျက်စရာ ရုပ်ရှင် ရိုက်ကူးခန်း အတွေ့ အကြံု တစ်ခု ရိုက်ကွင်းပေါ်တွင် ကြံုခဲ့ ရကြောင်း ထုတ်ဖေါ် ပြောဆို လိုက်သည်။

အသက် (၂၃)နှစ် အရွယ် မင်းသမီးသည် ရိုက်ကွင်းပေါ်တွင် အနမ်းပေးခန်း သရုပ်ဆောင် ရိုက်ကူး နေစဉ် မင်းသားဖြစ်သူ၏ ပါးစပ်ထဲမှ အစာဖတ် သည် သူမ၏ ပါးစပ်အတွင်း ၀င်သွားသဖြင့် အကြီးအကျယ် စိတ်ဆိုးပြီး ငိုမလိုပင် ဖြစ်ခဲ့ ရဖူးကြောင်း ဖော့စ်က ပွင်းလင်းစွာပင် ပြောကြား လိုက်သည်။

သို့သော်လည်း သူမ နှင့် အတူ တွဲဖက် သရုပ်ဆောင် သည့် မင်းသားကို မည်သူမှန်း မပြောခဲ့ သလို မည်သည့် ဇာတ်ကား တွင် ထိုသို့ ဖြစ်ခဲ့ကြောင်း ကိုမူ ဖော့စ်က မပြောကြား ခဲ့ပေ။

Transformers: Revenge of the Fallen ဇာတ်ကားမှ မင်းသမီးက သူမသည် ထိုအချိန်မှ စပြီး အနမ်းခန်းများ ရိုက်ကူးရာတွင် စိတ်ပျက်မိသလို ရွံရှာမုန်းတီးမှု ဖြစ်လာခဲ့ကြောင်း GQ မဂ္ဂဇင်းကြီးသို့ ပြောကြား သွားခဲ့သည်။

ဖော့စ်သည် တွဲဖက် မင်းသားများနှင့် တရင်းတနှီး ဆက်ဆံရသည်ကို မုန်းတီးတတ်ကြောင်း ယခင် ကတည်းက ၀န်ခံထားသူ ဖြစ်သည်။

တစ်ဖက် လူနှင့် တာဝန်အရ ချစ်ခင် နှီးနှောနေရခြင်းမှာ မိန်းမပျက် တစ်ဦးနှင့် အတူတူပင်ဖြစ်ကြောင်း ယခင်ကလည်း ပြောဆိုထားဖူးသည့် မင်းသမီးက ထိုအတွေ့ အကြံုကြောင့် သူမနှင့် နမ်းခန်းရိုက်ရမည့် မင်းသား အတွက်လည်း အခက်အခဲ ရှိကြောင်း၊ သူမသည် မင်းသားတစ်ဦး နှင့် နမ်းမည်ကြံတိုင်း ထိုကိစ္စကို ခေါင်းထဲတွင် ပြန်တွေးမိပြီး တွန့်သွားသဖြင့် အကြိမ်ကြိမ် ပြန်ရိုက် ရတတ်ကြောင်း ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here