အင်ဒရီပါလို အား ခေါ်ယူလိုပါက ဒရော့ဘာ အား အလိုက်ပေး ရဖွယ်

alt

ချဲလ်ဆီး အသင်းအနေနှင့် ၎င်းတို့ အလိုရှိနေသော ကွင်းလယ်လူ အင်ဒရီပါလိုကို ခေါ်ယူမည် ဆိုပါက ဒီဒီယာ ဒရော့ဘာ ကို အလိုက် ပြန်ပေးရမည် ဖြစ်ကြောင်း အေစီမီလန် အသင်းက ပြောကြားလိုက်သည်။

အသက် (၃၁) နှစ်ရှိ အီတလီ လက်ရွေးစင် ပါလို သည် အေစီမီလန် ကွင်းလယ်တွင် ခြေစွမ်းပြနေသူ ဖြစ်ပြီး ချဲလ်ဆီးအသင်းက ၎င်းအား အသင်းရှိ ပေါ်တူဂီ ကစားသမား ဒေကို နေရာတွင် အစားထိုး ပြုပြင် သွားရန် ကြိုးစားလျှက် ရှိသည်။

သို့သော်လည်း အေစီမီလန်က ပါလိုအား လိုချင်သည် ဆိုလျှင် ချဲလ်ဆီး အနေနှင့် ၎င်းတို့၏ အဓိက တိုက်စစ်မှူးဖြစ်သော အိုင်ဗရီကို့စ် လက်ရွေးစင် ဒရော့ဘာ နှင့် အလဲအထပ် ပြုလုပ်ရမည်ဟု တောင်းဆိုထားသည်။

ချဲလ်ဆီး အသင်းသည် မူလက အေစီမီလန်မှ ဘရာဇီး လက်ရွေးစင် ကွင်းလယ် ကစားသမား ရီကာဒို ကာကာ ကို စိတ်ဝင်စားခဲ့သော်လည်း ကာကာမှာ ရီးရဲလ် မက်ဒရစ်သို့ ယူရို(၆၅)သန်းဖြင့် ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့ ပြီးနောက် ပါလို ဘက်သို့ မြှားဦး လှည့်လာခြင်းဖြစ်သည်။

အေစီမီလန် ကလည်း ၎င်းတို့၏ ထိုးစစ်တွင် ဘရာဇီးသားလေး အလက်ဇန်းဒါးပါတို နှင့် တွဲကစားရန် တိုက်စစ်မှူးတစ်ဦး ရှာဖွေလျှက်ရှိရာ ဒရော့ဘာ ကို သဘောကျနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here