ပြင်သစ် ခရီးသည်တင် လေယာဉ် ပိုမို နက်ရှိုင်းသည့် နေရာသို့ နစ်မြုပ်သွားဖွယ်

alt

ဘရာဇီး ကမ်းလွန်တွင် ပျက်ကျ သွားသော ပြင်သစ် ခရီးသည်တင် လေယာဉ် ပျက်သည် မူလက မျှော်လင့် ထားသည့် နေရာထက် ပိုမိုနက်သည် အထိ နစ်မြုပ် သွားဖွယ်ရာ ရှိကြောင်း ဘရာဇီး ရေတပ်က ၀န်ခံလိုက်ပြီ ဖြစ်သည်။

၎င်းတို့သည် ဇွန်လ (၄)ရက်နေ့ ညနေပိုင်းက ရေငုပ် ရှာဖွေမှု အတွင်း သတ္တု အစိတ်အပိုင်း အချို့ကို တွေ့ရှိခဲ့ ပြီးနောက် ထိုနေရာတွင် လေယာဉ်ပျက် တည်ရှိနေသည်ဟု ယူဆခဲ့သည်။

သို့သော်လည်း ထို လောင်စာကန် ကိုယ်ထည် အစိတ်အပိုင်း များသည် လေယာဉ်ပျက်မှ မဟုတ်ဘဲ အခြားသင်္ဘော တစ်စင်းစင်းက စွန့်ပစ်ခဲ့ခြင်း ဖြစ်နိုင်သည့် အမှိုက်များသာ ဖြစ်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ရ ပြန်သည်။

ဘရာဇီး ရေတပ် ရေယာဉ်တစ်စင်းသည် ကမ်းခြေမှ ကီလိုမီတာ (၅၅၀)မျှ ဝေးသောနေရာတွင် ရေငုပ်ရှာဖွေမှုများ ပြုလုပ်ခဲ့ရာမှ သတ္တုကိုယ်ထည် ကွာဝေးသော နေရာမှ အစိတ်အပိုင်းများကို ရရှိခဲ့ခြင်း ဖြစ်သည်။ ယခုအတိုင်း ဆိုလျှင် လေယာဉ်ပျက်အား တွေ့ရှိရေးသည် အလွန် ခက်ခဲနိုင်ကြောင်း ရေတပ်မှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ၀န်ခံလိုက်ကြရပြီ ဖြစ်သည်။

လေယာဉ်တွင် ခရီးသည် (၂၂၈)ဦး လိုက်ပါသွားပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ပြန်လည်ရရှိရန် မျှော်လင့်ချက်မှာ အလွန်နည်း နေပြီဖြစ်သည်။ သတင်းများအရ ပြင်သစ်လူမျိုး (၆၀) ရာခိုင်နှုန်းကျော် တို့သည် အတ္တလန္တစ် သမုဒ္ဒရာ ထဲတွင် နစ်မြုပ် ပျောက်ကွယ်သွားပြီ ဖြစ်သည့် လေယာဉ်ပျက်အား ဆယ်တင်နိုင်မည်ဟု လုံးဝ မယုံကြည်တော့ကြောင်း ဘရာဇီးနိုင်ငံထုတ် ယနေ့ သတင်းစာများ တွင် ဖေါ်ပြထားသည်ကို သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here