အားရှိစေရန် ဆေးတိုက်ကျွေးမှ ဘင်္ဂလားဒေ့ရှ် ကလေးငယ်များ နာမကျန်း ဖြစ်နေရ

alt

ဗိုက်တာမင် ဆေးဝါးများ တိုက်ကျွေးပြီး နောက် ဘင်္ဂလားဒေ့ရှ်မှ ကလေးငယ် (၁၅၀) ခန့်သည် အပြင်းအထန် နာမကျန်း ဖြစ်မှုများ ပေါ်ပေါက် နေကြောင်း ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး သတင်းစာက ရေးသား ဖော်ပြ လိုက်သည်။

ထိုဖြစ်ရပ်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဖာရစ်ပွာ ခရိုင်တွင် ဇွန်လ (၄)ရက် နေ့က ပေါ်ပေါက် လာရခြင်း ဖြစ်သည်။ မြို့တော် ဒါကာမှ အနောက်တောင်ဘက် ကီလိုမီတာ (၁၀၀) တွင် တည်ရှိသော အဆိုပါ ဒေသအတွင်း ကျန်းမာရေး ၀န်ထမ်းများက ကျေးရွာနှင့် ခရိုင်အဆင့် ဗိုက်တာမင် အားဆေးများ တိုက်ကျွေးမှု စီမံကိန်းအရ ဆေးတောင့်များ တိုက်ကျွေးခဲ့ရာမှ ကလေးများ နာမကျန်း ဖြစ်ခဲ့ခြင်း ဖြစ်သည်။

အသက် (၆)လမှ (၅)နှစ် အတွင်း ကလေး (၁၅၀)ကျော်သည် ဆေးသောက်ပြီး (၂)နာရီ အတွင်း ဖျားနာကုန်သည်ဟု ရွာသားများက ဒေသဆိုင်ရာ သတင်းဌာနသို့ ပြောကြားခဲ့ကြသည်။

သီရိလင်္ကာ ကျန်းမာရေးဌာနက ကလေးများ အားလုံးကို အနီးဆုံး ခရိုင်ဆေးရုံသို့ ချက်ချင်း ပို့ဆောင်စေပြီး အရေးပေါ် ကုသမှုများ ခံယူစေခဲ့သည်။ ထိုသို့ ဖြစ်ရခြင်း၏ အဓိက အကြောင်းရင်းကိုမူ စုံစမ်း ဖော်ထုတ်နိုင်ခြင်း မရှိသေးဘဲ ထိုရွာသို့ ပေးပို့ရန် ရည်ရွယ်ထားသည့် ဗိုက်တာမင်-အေ ဆေးဝါးများတွင် မတော်တဆ အဆိပ်အတောက် ဖြစ်မှုအချို့  ရှိနေခြင်းကြောင့် ဖြစ်နိုင်ကြောင်း သတင်းများက ထင်ကြေးပေး ရေးသား ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here