အမေရိကန် သံရုံးရှေ့ ဆန္ဒပြသူများအား ဖမ်းဆီး

alt

ဇွန်လ (၄)ရက်နေ့က ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးရှေ့တွင် ဆန္ဒပြသူ လူအနည်းငယ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။

အမျိုးသမီးများ နှင့် ကလေးများသာ ပါ၀င်သော လူ(၅)ဦးသည် မြန်မာ စစ်အစိုးရက ဖမ်းဆီးထားသူ တစ်ဦးအတွက် ယခုလို ဆန္ဒပြကြခြင်း ဖြစ်သည်။ ၎င်းတို့၏ ခင်ပွန်း နှင့် ဖခင်ဖြစ်သူကို မြန်မာ စစ်အစိုးရက မတရား ဖမ်းဆီးထားမှု အပေါ် ကူညီ ဆောင်ရွက်ပေးပါရန် ဆန္ဒပြ တောင်းဆိုအပြီး ယခုကဲ့သို့ ရဲများ၏ ဖမ်းဆီးမှုကို ခံရခြင်း ဖြစ်သည်။

အဖမ်း ခံရသူများတွင် အမျိုးသမီး (၂)ဦးနှင့် ကလေး(၃)ဦး ပါ၀င်ပြီး မြန်မာ စစ်အစိုးရက ဖမ်းဆီးထားသည် ဆိုသော အမျိုးသားမှာ မည်သူဖြစ်ကြောင်း မသိရှိရသေးပေ။ ထိုအဖွဲ့ကို အမေရိကန်သံရုံးမှ တာဝန်ခံ အချို့က (၁၅)မိနစ်ခန့် တွေ့ဆုံခဲ့ပြီး ၎င်းတို့သည် အေးဆေးစွာ ပြန်လည် ထွက်ခွာသွားကြောင်း သံရုံးမှ ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။

ထို ကိစ္စသည် ကိုယ်ရေးကိုယ်တာ သက်သက်အတွက် ကြောင့်ကြခြင်းသာ ဖြစ်ပြီး နိုင်ငံရေးနှင့် ဆက်စပ်ခြင်း မရှိကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အတိုက်အခံ ဒီမိုကရေစီပါတီ NLD ၏ ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာ စစ်အစိုးရက တရားရုံးတင် စစ်ဆေးမှုများ ပြုလုပ်နေသဖြင့် လုံခြံုရေး တင်းကြပ်ထားစဉ် ယခုလို ဖြစ်ရပ်မျိုး ပေါ်ပေါက်လာခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here