အိပ်ဆေးသောက်သည့် သက်ကြီး ရွယ်အိုများ သေကြောင်း ကြံစည်လို စိတ်များ

alt

အိပ်ဆေးများ သောက်သုံးသော အလေ့အထ ရှိသည့် သက်ကြီး ရွယ်အိုများ သည် ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံ လိုစိတ် မြင့်တက် လာတတ်ကြောင်း သိရှိရသည်။

ဇွန်လ (၃) ရက် နေ့ က ဆွီဒင် နိုင်ငံ ဂိုသင်ဘတ် မြို့တော် တွင် အခြေစိုက်သော သုတေသန အဖွဲ့ တစ်ခုက အိပ်ဆေးနှင့် သေကြောင်း ကြံစည်မှု တို့ တိုက်ရိုက် ဆက်စပ် နေခြင်း ကို ရှာဖွေ အတည်ပြု နိုင်ခဲ့သည်။

ဂိုသင်ဘတ် တက္ကသိုလ် မှ သုတေသီများ ဖြစ်သည့် အန်းဒရက် ကာစတန် နှင့် မာဂဒါ ဝေအမ်း တို့ (၂) ဦးသည် အိပ်ဆေးနှင့် စိတ်ကို ထိန်းချုပ်နိုင်စွမ်း မည်သို့မည်ပုံ ယှက်နွယ်နေကြောင်း စနစ်တကျ လေ့လာခဲ့သည်။

အိပ်ဆေးကို ပုံမှန် စွဲသောက်နေသည့် သက်ကြီး အမျိုးသား၊ အမျိုးသမီး (၈၅) ဦးကို ဆန်းစစ်မှုများ ပြုလုပ်ခဲ့ရာ ၎င်းတို့အနက် (၆၅)ဦးသည် တစ်ကြိမ်ထက် မနည်း သေကြောင်း ကြံစည်ရန် ကြိုးပမ်း ဖူးကြောင်း စစ်ဆေးတွေ့ ရှိခဲ့သည်။

အသက်ကြီး လာချိန်တွင် အိပ်ချင်စိတ် နည်းပါးလာမှုအား အိပ်ဆေးဖြင့် တုန့်ပြန်ရန် ကြိုးစားမှု၏ ဘေးထွက် ဆိုးကျိုး တစ်ခုအဖြစ် သေကြောင်းကြံလိုစိတ် များပြားလာတတ်ကြောင်း ကာစတန် က သတိပေးခဲ့သည်။ ထိုသို့သော အခြေအနေများကြောင့် ဆေးရုံ၊ ဆေးခန်းများ အနေနှင့် လူနာများကို ဆေးပေးရာတွင် အိပ်ဆေးကို အလွန်သတိထားပြီး ပေးသင့်ကြောင်းဖြင့် ကာစတန် က တိုက်တွန်း သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here