ပြင်သစ် လေယာဉ်ပျက်၏ အပိုင်းအစများ ကို စတင်ရှာဖွေ

alt

ဘရာဇီး နိုင်ငံ မှ ရေငုပ်သမားများ သည် ပြင်သစ် လေကြောင်း ခရီးစဉ်အမှတ် (၄၄၇) ၏ လေယာဉ်ပျက် အပိုင်းအစများ ကို ရှာဖွေမှုများ စတင် ပြုလုပ် နေပြီဟု သိရသည်။

အတ္တလန္တစ် သမုဒ္ဒရာ အတွင်းသို့ ခရီးသည် (၂၂၈) ဦး နှင့် အတူ နစ်မြုပ် သွားသည့် လေယာဉ် ၏ အစိတ်အပိုင်းများ ကို ဘရာဇီး ကမ်းခြေ အရှေ့မြောက်ဘက် ကီလိုမီတာ (၁၂၀၀) ခန့်တွင် တွေ့ရှိ ခဲ့ပြီးနောက် ထိုနေရာ အနီးတဝိုက် တွင် ရေငုပ် ရှာဖွေမှုများ ကို ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်။

ဘရာဇီး ရေတပ် သည် အဆိုပါ လုပ်ငန်းအား တာဝန်ယူ ဆောင်ရွက် လျက်ရှိပြီး သမုဒ္ဒရာ ရေအောက်တွင် အချို့နေရာများ မှာ (၅) ကီလိုမီတာ အထိ အနက် ရှိကြောင်း ပြောကြား ခဲ့ပြီး ထို ရေ အနက်သည် ရှာဖွေရေး လုပ်ငန်းများ အတွက် အခက်အခဲ ဖြစ်စေကြောင်း ၀န်ခံ ခဲ့သည်။

ပြင်သစ် လေကြောင်း အမှတ် (၄၄၇) သည် ရီယိုဒီဂျာနေရိုး မှ ပဲရစ်သို့ ပျံသန်း နေစဉ် လျှပ်စစ် မုန်တိုင်း နှင့် ထိတွေ့ ခဲ့သည်ဟု ယူဆ ရပြီး အခြေစိုက် စခန်း နှင့် အဆက်အသွယ် ပြတ်တောက် သွား ခဲ့သည်။ ဇွန်လ (၂) ရက်နေ့ကမူ လေယာဉ် မှ ပစ္စည်း အချို့ ကို သမုဒ္ဒရာ ရေပြင်တွင် ဘရာဇီး လေတပ် က ရှာဖွေ နိုင်ခဲ့ ပြီးနောက် ပြင်သစ် လေကြောင်း ဌာန ၏ (၇၅) နှစ်တာ သမိုင်းတလျှောက် အဆိုးရွားဆုံး လေယာဉ် မတော်တဆမှုကြီး ဖြစ်ပွား ခဲ့ခြင်း ကို အတည်ပြု နိုင်ခဲ့သည်။

ယခုအခါ လေယာဉ်ပေါ် ပါ ခရီးသည်များ ၏ အသက် ရှင်သန်ခွင့် အတွက် မျှော်လင့်ချက် လုံးဝ မရှိ တော့ပေ။ ဘရာဇီး ရေတပ် သည် လေယာဉ်ပျက်ကျမှု ကို မှတ်တမ်းတင်ထားနိုင်မည့် သေတ္တာနက် ကို အဓိက ထား ရှာဖွေ သွားမည် ဖြစ်သည်။ ဘရာဇီး သမတ လူလာဒါ ဆေးဗား က ရေတပ် သည် ပင်လယ်ရေ အနက် (၆) ကီလိုမီတာ အထိ ဆင်းသက်ရှာဖွေရန် အလွန် ခက်ခဲ ကြောင်း၊ ပင်လယ်ရေ အနက် (၂) ကီလိုမီတာ ခန့်သာရှိသော နေရာတွင် အဆိုပါ လေယာဉ်ပျက် နှင့် အတူ သေတ္တာနက်ကို ရှာဖွေတွေ့ရှိမည်ဟု မျှော်လင့်ပါကြောင်း သတင်းထောက်များ အား ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here