အေစီမီလန် မှ ပြောင်းရွှေ့မည် မဟုတ်ဟု ကာကာ ပြောကြား

alt

၎င်း လေးစားသည့် နည်းပြကြီး ကာလို အန်ဆယ်လော်တီ ချဲလ်ဆီး သို့ ပြောင်းရွှေ့ သွားသော်လည်း အေစီမီလန် ကို စွန့်ခွာပြီး ချဲလ်ဆီးသို့ ပြောင်းရွှေ့ မည်မဟုတ် ဟု အေစီမီလန် အလယ်တန်း ကစားသမား ရီကာဒို ကာကာ က ထုတ်ဖော် ပြောကြား လိုက်သည်။

ချဲလ်ဆီး နည်းပြသစ် ဖြစ်လာသည့် အန်ဆယ်လော်တီ က ၎င်းသည် ကမာ္ဘ့ အကောင်းဆုံး ဘောလုံးသမား ဆု ကို ရရှိဖူးသည့် ဘရာဇီး လက်ရွေးစင်ကို ခေါ်ယူရန် ဆန္ဒရှိကြောင်း ပြောကြား ခဲ့ပြီးနောက် အေစီမီလန် ဘုတ် အဖွဲ့က ကာကာ ကို ထိန်းထားနိုင်ရန် အခက်အခဲများ ရှိနေကြောင်း ထုတ်ဖော် ၀န်ခံ ခဲ့သည်။

သို့သော်လည်း အေစီမီလန် ပရိသတ်များ စိတ်သက်သာရာ ရစေမည့် ကတိကို ကာကာ က ပေးခဲ့ပြီး ၎င်းအား ရီးရဲလ် အသင်းက စိတ်ဝင်စားနေမှု ကိုလည်း ငြင်းဆန်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အေစီမီလန် သည် ၎င်းအတွက် အသင့်တော်ဆုံး နေရာတစ်ခုဟု ခံယူထားကြောင်း ကာကာ က ဆိုသည်။

သတင်းများ အရ တန်ကြေး ပေါင်သန်း(၇၀)ရှိသော ကာကာ အား ချဲလ်ဆီး၊ ရီးရဲလ် မက်ဒရစ်နှင့် မန်ချက်စတာ ယူနိုက်တက်တို့က စိတ်ဝင်စားနေကြောင်း သိရသည်။

ကာကာ က ယခုလို ငြင်းဆန်ထားသော်လည်း အန်ဆယ်လော်တီကမူ ယခုနှစ် အပြောင်းအရွှေ့တွင် ကာကာအား စတမ်းဖို့ ဘရစ်သို့ ခေါ်ယူရန် မျှော်လင့်နေဆဲ ဖြစ်ပြီး အေစီမီလန် ကွင်းလယ် ဖန်တီးရှင် အင်ဒရီပါလို ကိုပါ တပါတည်း ကမ်းလှမ်းသွားရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here