၂၀၀၉ အထင်ရှားဆုံး ပုဂ္ဂိုလ်များ စာရင်းတွင် ဂျိုလီ ဦးဆောင်

alt

ကမာ္ဘကျော် စစ်တမ်း မဂ္ဂဇင်းကြီး Forbes ၏ (၂၀၀၉) ခုနှစ်အတွက် အထင်ရှားဆုံး ပုဂ္ဂိုလ်(၁၀၀) စာရင်းတွင် ဟောလီးဝုဒ် စတားမင်းသမီး အိန်ဂျယ်လီနာ ဂျိုလီက ထိပ်ဆုံးနေရာမှ သရဖူ ဆောင်းသွားခဲ့ကြောင်း သိရသည်။

သူမသည် (၂၀၀၈) ခုနှစ်က Forbes ၏ စာရင်းတွင် ပထမ ရသော အော်ပရာ ၀င်းဖရေး ကို အသာစီး ရခဲ့ခြင်း ဖြစ်သည်။ အော်ပရာက ယခုနှစ် စာရင်းတွင် ဒုတိယ သာချိတ်ပြီး မက်ဒေါနားက တတိယရသည်။ ဘီယွန်း ဆေးလ်နိုးက နံပါတ်(၄) တွင် ရှိနေပြီး တိုက်ဂါးဝုဒ်၊ ဘရွတ်စပင်စတင်း၊ စတီဖင်စပီးဘတ် တို့က ဘီယွန်းဆေးလ် နောက်မှ အစဉ်လိုက် ရပ်တည်နေကြသည်။

ဂျိုလီနှင့် ကလေး (၆)ဦး ရထားသည့် ဘရက်ပစ် ၏ ဇနီးဟောင်း ဂျင်နီဖာ အင်နစ္စတန်က နံပါတ်(၈)နှင့် ဘရက်ပစ် ကိုယ်တိုင်ကမူ နံပါတ်(၉) တွင်တည် ရှိနေသည်။ အမေရိကန် ဘက်စကက်ဘော စတား ကိုဘေ ဘရိုင်ယန်းက ဒဿမ နေရာတွင် စာရင်းပေါက် နေခဲ့သည်။

ယခု စာရင်းတွင် အမေရိကန် သမတ ဘာရက် အိုဘားမားမှာ နံပါတ်(၄၉)သာ ချိတ်ခဲ့သည်။ အံ့ဩစရာ အခြေအနေ တခုမှာ ဂျင်နီဖာ လိုပက်၊ ဂျွန်နီဒပ် စသည့် ထိပ်သီး နာမည်ကျော်များ မပါ၀င်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here