ဂျင်နီဖာ ဟတ်ဆင် ကိုယ်ဝန်ရှိနေပြီ

alt

နာမည်ကျော် အဆိုတော်နှင့် ရုပ်ရှင် မင်းသမီးဖြစ်သူ ဂျင်နီဖာ ဟတ်ဆင်က သူမတွင် ကိုယ်ဝန်ရှိနေပြီဟု အတည်ပြု ပြောကြား လိုက်သည်။

အသက်(၂၇)နှစ် ရှိပြီဖြစ်သော အော်စကာဆုရှင်သည် သားဦးလေး ရရှိတော့မည့် အကြောင်း မိတ်ဆွေများကို ၀မ်းသာအားရ ပြောဆို၍ မီဒီယာသို့ ကြေညာလိုက်ပြီ ဖြစ်ခဲ့သည်။

ပြီးခဲ့သည့်နှစ် အတွင်း သူမ၏ မိခင်အပါအဝင် မိသားစုဝင် (၃)ဦး ပစ်အသတ် ခံရသည့် ဟတ်ဆင် အတွက် ယခုကိစ္စသည် စိတ်ကျေနပ်စရာ သတင်းကောင်း ဖြစ်ကြောင်း သူမ၏ မိတ်ဆွေများက ထုတ်ဖော် ပြောကြား သွားခဲ့ကြသည်။

ဟတ်ဆင်သည် ဒေးဗစ်အိုတူဂန် နှင့် စေ့စပ်ထားသော်လည်း လက်ထပ်မည့်နေ့ကို အတိအကျ ကြေညာခြင်း မရှိသေးပေ။ ဟတ်ဆင်၏ မိတ်ဆွေများက သူမ၏ ကလေးမှာ ယောက်ျားလေးလား? မိန်းကလေးလား? အသေအချာ မသိသေးကြောင်း ပြောဆိုခဲ့ကြသည်။

Mean Girl ဇာတ်ကားမှ ရုပ်ရှင်မင်းသမီး၏ ကိုယ်ရေး အရာရှိကမူ ထိုကိစ္စ အတွက် တစုံတရာ မှတ်ချက် မပေးသေးကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here