တိန်အန်မင် အရေးအား ရိုးသားစွာ ဖြေရှင်းရန် ဟီလာရီ ကလင်တန် တိုက်တွန်း

alt

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က တိန်အန်မင် အရေးတော်ပုံနှင့် ပတ်သက်ပြီး ရိုးသားစွာ ဖြေရှင်းရန် တရုတ် အစိုးရအား တိုက်တွန်း လိုက်သည်။

(၁၉၈၉) ခုနှစ်၊ ဇွန်လ (၄)ရက်နေ့က ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ဆိုးကြီးတွင် တိန်အန်မင် ရင်ပြင်ပေါ်တွင် (၆)ပါတ်ကြာမျှ စုရုံး ဆန္ဒပြနေမှုအား တရုတ်ကွန်မြူနစ် ပါတီက အင်အားသုံးကာ အကြမ်းဖက် ဖြိုခွဲခဲ့သဖြင့် လူအမြောက်အမြား သေဆုံးခဲ့သည်။

အာဏာရ ကွန်မြူနစ် တို့သည် ဒီမိုကရေစီ အတွက် တောင်းဆိုနေသူ များအား တင့်ကားကြီးများပါ အသုံးပြုပြီး ရက်စက်ကြမ်းတမ်းစွာ လူစုခွဲပစ်ခဲ့သည်။ ထို့အပြင် ဆန္ဒပြသူ ခေါင်းဆောင်ပိုင်းများကိုလည်း ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ယခု အချိန်ထိ အဖမ်းခံထားရသူ (၃၀)မျှ ကျန်ရှိနေသေးသည်။

ကလင်တန်က ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးကြီး နှစ်(၂၀)တိတိ ပြည့်မြောက်သော နေ့တွင် တရုတ် အစိုးရအနေနှင့် သေဆုံးသူများ၏ စာရင်းကို မထိမ်မဝှက်ဘဲ တိတိကျကျ ထုတ်ပြန်သင့်ပြီဟု ပြောကြားခဲ့သည်။ ထို့အပြင် တရုတ် အစိုးရသည် ဖမ်းဆီးထားသော တိန်အန်မင် အရေးတော်ပုံ အကျဉ်းသားများ ကိုပါ ပြန်လွှတ် ပေးသင့်ပြီဟု တိုက်တွန်း ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here