ရှေးခေတ် လှေတစင်း မြောက်ဦးတွင် တူးဖော် တွေ့ရှိ

alt

ရှေးခေတ်က အသုံး ပြုခဲ့သည်ဟု ယူဆရသော လှေတစင်းကို ရခိုင် ပြည်နယ်၊ မြောက်ဦး မြို့တွင် တူးဖော် တွေ့ရှိခဲ့ကြောင်း သိရသည်။

Xinhua သတင်းစာက မြန်မာ့ သတင်းဂျာနယ် တစ်ခုကို ကိုးကား ဖော်ပြထားရာတွင် အဆိုပါ လှေအား မေလ (၂၈)ရက်နေ့က ရေကန် တူးဖော်စဉ် မတော်တဆ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ပါရှိသည်။

လှေ၏အရှည်မှာ (၆)မီတာ နီးပါးရှိပြီး ဗြက်အားဖြင့် (၁)မီတာ မျှရှိကာ သက်တမ်းမှာမူ နှစ်(၃၀၀) နှင့် (၄၀၀)ကြား မျှရှိကြောင်း ခန့်မှန်း ထားကြသည်။ ထိုလှေအား ရေကန်အား ဆယ်တင် တူးဖော်နေစဉ် (၈)မီတာ အနက်မှ တွေ့ခဲ့ရခြင်း ဖြစ်သည်။

လှေကို တွေ့ရှိပြီးနောက် ၀ိုင်းဝန်းကြိုးပမ်း တူးဖော်ကြရာ နောက်တစ်ရက်တွင် ရေပေါ်သို့ အပြီး ဆယ်တင်နိုင်ခဲ့သည်။ လှေအား တွေ့ရှိသည့် ရေကန်သည် ရခိုင်ပြည်တွင် ရခိုင်မင်းများ နန်းတက်ခဲ့သည့် မြောက်ဦးခေတ်က ကျံုးတစ်ခု ဖြစ်နိုင်ပြီး ထိုစဉ်က လူများသည် နှစ်ယောက်သာ စီးနိုင်သည့် လှေငယ်ကို ထောက်လှမ်းရေး လုပ်ငန်းများတွင် အသုံးပြုခဲ့ ဖွယ်ရှိသည်။

လှေကို ဆယ်တင်စဉ် ကျိုးပဲ့မှု အချို့ ရှိခဲ့ပြီး ၎င်းတို့ကို ပြန်လည်ပြင်ဆင်ကာ ရှေးဟောင်းယဉ်ကျေးမှု ပြတိုက်အတွင်း ထားရှိသွားရန် စီစဉ် ထားကြောင်းလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here