မြောက်ကိုရီးယားတွင် အဖမ်းခံရသည့် သတင်းထောက်နှစ်ဦး တရားစွဲဆိုမှု စတင်

alt

မြောက် ကိုရီးယားနိုင်ငံတွင် အဖမ်းဆီး ခံထားရသော အမေရိကန် အမျိုးသမီး သတင်းထောက် (၂)ဦးအား တရားစွဲဆိုမှုကို ဇွန်လ (၄)ရက်နေ့က စတင် ခဲ့ပြီဖြစ်သည်။

လော်ရာလင်း နှင့် အူနာလီး တို့နှစ်ဦးသည် ကယ်လီဖိုးနီးယား အခြေစိုက် Current TV အတွက် အလုပ် လုပ်ပေးနေသူများ ဖြစ်ပြီး မတ်လ (၁၇)ရက်နေ့က မြောက်ကိုရီးယား နှင့် တရုတ်နိုင်ငံ နယ်စပ်အနီး သတင်းမှတ်တမ်း ဗီဒီယို ရိုက်ကူးနေစဉ် မြောက်ကိုရီးယား စစ်သားများ၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်း ဖြစ်သည်။

မြောက် ကိုရီးယား သတင်းဌာန CAN က ဇွန်လ (၄)ရက်နေ့တွင် ပြံုယမ်း ဗဟိုတရားရုံး အတွင်း အဆိုပါ အမျိုးသမီး (၂)ဦးကို ဒေသစံတော်ချိန် ညနေ (၃)နာရီတွင် ကနဦး ကြားနာမှု တခု စတင် ပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့သည်။

မြောက်ကိုရီးယား က သူမတို့ နှစ်ဦးကို တိုင်းပြည်အတွင်း တရားမဝင် ခိုးဝင်မှုဖြင့် စွဲချက်တင် ဖမ်းဆီးထားခြင်း ဖြစ်သည်။ တရားရုံးအတွင်း စစ်ဆေးကြားနာမှု အသေးစိတ်ကိုမူ CAN က ပြောကြားသွားခြင်း မရှိသေးပေ။ အမေရိကန် အစိုးရ ကမူ လက်ရှိအချိန်တွင် ၀ါရှင်တန်နှင့် ကုလသမဂ္ဂ တို့က မြောက်ကိုရီးယားအား ဖိအားပေး ပိတ်ဆို့မှုများ အရှိန်မြှင့် ဆောင်ရွက်နေသောကြောင့် ထိုအမျိုးသမီး (၂)ဦးမှာ နိုင်ငံရေးအရ ဓားစာခံများ ဖြစ်လာမည်ကို စိုးရိမ်မကင်း ဖြစ်မိကြောင်း ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here