မြိတ်ကျွန်းစုတွင် မိကျောင်းကိုက်သဖြင့် သေဆုံးမှုဖြစ်

alt

မြန်မာနိုင်ငံ တောင်ဘက်စွန်းရှိ မြိတ်ကျွန်းစု ဒေသတွင် မိကျောင်း ကိုက်သဖြင့် အသက်ဆုံးရှုံးမှု တခု ဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းများအရ သိရသည်။

သေဆုံးသူမှာ အသက်(၃၀)ရှိ ကိုဝင်းနိုင်ဦး ဆိုသော အမျိုးသားဖြစ်ပြီး ၎င်းသည် ထင်းခုတ် လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကြောင်းသူ ဖြစ်သည်။ လွန်ခဲ့သည့် သီတင်းပါတ် အတွင်းက ၎င်းနှင့် အဖော်တစ်ဦး တို့သည် သစ်ခုတ်လုပ်ငန်းမှ အိမ်အပြန်တွင် တူးမြောင်းငယ် တခုအား ဖြတ်သန်းစဉ် မိကျောင်းတကောင်၏ တိုက်ခိုက် ကိုက်ခဲမှုကို ခံခဲ့ရခြင်း ဖြစ်သည်။

အဖော်ဖြစ် သူမှာမူ သွေးပျက် ထိတ်လန့်စွာ ထွက်ပြေးခဲ့ပြီး အနီးအပါး ရွာများကို အကူအညီ သွားရောက် အကူညီတောင်းခံခဲ့ရာ ရွာသားများက လူသူစုရုံးပြီး လှေများဖြင့် အဆိုပါ မိကျောင်းကို တူးမြောင်းအတွင်း လိုက်လံ ရှာဖွေခဲ့ကြသည်။

အခင်းဖြစ်ပွားပြီး နောက်နေ့တွင်မူ အရှည်(၆)မီတာရှိသော မိကျောင်းကြီးအား ဒေသခံများက တွေ့ရှိခဲ့ပြီးနောက် ရွာသားများက သတ်ဖြတ် ပစ်ခဲ့ကြသည်။ ထို့နောက် မိကျောင်းကြီး၏ ၀မ်းဗိုက်ကို ခွဲလိုက်သောအခါ၌ ကံဆိုးရှာသူ ကိုဝင်းနိုင်ဦး၏ ရုပ်အလောင်း အကြွင်းအကျန်များကို ရှာဖွေတွေ့ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်အတွက် မြိတ်ကျွန်းစုအနီး ဒေသများတွင် မိကျောင်းရန်ကို ပိုမိုဂရုစိုက်ကြရန် သက်ဆိုင်ရာ အာဏာပိုင်များက နှိုးဆော်ထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here