A/H1N1 ကမာ္ဘ့ ကပ်ရောဂါအဆင့်သို့ ရောက်ရှိလာဖွယ်

alt

WHO အဖွဲ့ကြီးက ၎င်းတို့ အနေနှင့် H1N1 တုပ်ကွေးကို ကမာ္ဘ့ ကပ်ရောဂါ အဆင့် ကြေညာရန် အလွန် နီးစပ်လာပြီ ဖြစ်ကြောင်း ထုတ်ဖော် ၀န်ခံလိုက်သည်။

ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် WHO ဒုတိယ အကြီးအကဲ ဒေါက်တာ ကီဂျီဖူကူဒါး က အဆိုပါ သတင်းကို သတင်းထောက်များထံ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

ကမာ္ဘ့ဒေသ အသီးသီးတွင် ထို တုပ်ကွေးသည် ဆက်လက် ပြန့်ပွားလျှက် ရှိနေပြီး ဇွန်လ (၂)ရက်နေ့တွင် လူဦးရေ (၁၉၀၀၀)ကျော် အထိ ကူးစက် ခံထားရကြောင်း၊ ထို အခြေအနေသည် ကမာ္ဘ့ ကပ်ရောဂါအဖြစ် သတ်မှတ်သော အဆင့်(၆)ထိ တိုးမြှင့်ရန် တစထက်တစ နီးကပ်လာခြင်းကို ပြသနေကြောင်း ဒေါက်တာဖူကူဒါးက ပြောကြားခဲ့သည်။

မြောက် အမေရိကတိုက်မှ ပြန့်နှံ့လာသော အဆိုပါ တုပ်ကွေးသည် ယခုအခါ နိုင်ငံ(၆၄)ခုသို့ ရောက်ရှိနေပြီး လူဦးရေ (၁၁၇)ဦးကို အသက်ဆုံးရှုံး စေခဲ့ပြီးဖြစ်သည်။ သမားရိုးကျ တုပ်ကွေးထက် ပိုမိုခိုင်မာသော H1N1 တုပ်ကွေး ဗိုင်းရပ်စ်သည် လူမှလူသို့ ကူးစက်နိုင်သော အခြေအနေတွင် ပြန့်နှံ့မှု ပိုမိုမြန်ဆန် လာနေကြောင်း WHO ကဆိုသည်။

WHO အနေနှင့် ထိုရောဂါကို အဆင့်(၆)သို့ မည်သည့်အချိန်တွင် သတ်မှတ်မည်ကို မကြေညာသေးသလို လက်ရှိ အချိန်တွင်လည်း အဆင့်(၅) အဖြစ်သာ ထားရှိမည်ဖြစ်ပြီး နောက်တဆင့် တက်ရန် သင့်မသင့် အထောက်အထားများ ရှာဖွေ သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here