ရုရှားရေတပ် မှားယွင်း ပစ်ခတ်ခဲ့ဟု ထုတ်ဖော်ဝန်ခံ

alt

ရုရှား ရေတပ်မတော်က မေလ (၂၈) ရက် နေ့တွင် ၎င်းတို့၏ ရေငုပ် သင်္ဘောဖျက် စစ်ရေယာဉ် တစ်စင်း သည် အနီးအနားရှိ ကျေးရွာတစ်ခုကို လက်နက်ကြီးများဖြင့် မှားယွင်း ပစ်ခတ် မိကြောင်း ထုတ်ဖော် ၀န်ခံ လိုက်ပြီ ဖြစ်သည်။

RIA သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါ ပစ်ခတ်မှုကြောင့် ထိခိုက် ဒဏ်ရာရမှု မရှိကြောင်း ရုရှား စစ်ဘက်က ကြေညာ ခဲ့သော်လည်း အသေးစိတ် ကို မဖေါ်ပြခဲ့ချေ။

စိန့်ပီတာစဘတ် မြို့တော်အနီး ရှိ ဗိုင်ဘော့ ဒေသရှိ ရွာတစ်ရွာ ကို ရုရှား ရေတပ် မှ အသေးစား စစ် သင်္ဘောတစ်စင်း က ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ဘောလ်တစ်ဒေသ ရေကြောင်းတပ်ရင်းမှ ရေယာဉ်သည် ဖင်လန် ပင်လယ်အော်အနီး သတ်မှတ်ထားသော ကုန်းမြေများသို့ အစမ်းပစ်ခတ်ရာမှ ယခုလို ကျေးရွာကို ပစ်မှတ် နှင့် မှားယွင်းပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း ရေတပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ရုရှား ရေတပ်သည် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီး နောက်ပိုင်း အမှားအယွင်းများ နှင့် မကြာခဏ ကြံုတွေ့ နေလေ့ရှိပြီး အဆိုးရွားဆုံး အဖြစ် မှာ (၂၀၀၀)ပြည့်နှစ်က နျူကလီးယား ရေငုပ်သင်္ဘော ကတ်စ် ၏ နစ်မြုပ်မှုကြောင့် သင်္ဘောသား (၁၁၈)ဦး အကြောင်းမဲ့ သေဆုံးခဲ့ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here