တောင်ကိုရီးယား ရေတပ်မတော် အထူး ကင်းလှည့်မှုများ ပြုလုပ်နေ

alt

မြောက် ကိုရီးယား နှင့် ဆက်ဆံရေး အတင်းမာဆုံး အနေအထားသို့ ရောက်ရှိ နေချိန်တွင် တောင်ကိုရီးယား ရေတပ်မတော်သည် အနောက်ဘက် ပင်လယ်အတွင်း ၎င်းတို့ ရေတပ်၏ မြန်နှုန်း အမြင့်ဆုံး ကင်းလှည့် ရေယာဉ်ကို သင်္ဘောဖျက် ဒုံးကျည်များ တပ်ဆင်ပြီး ကင်းလှည့် နေစေကြောင်း သိရသည်။

ဇွန်လ (၂) ရက်နေ့ မှစပြီး အဆိုပါ မဟာဗျူဟာ တိုက်ခိုက်ရေး စစ်သင်္ဘောကို တောင်ကိုရီးယား အစိုးရက အနောက်ဘက် ပင်လယ်တွင် စတင် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ရေတပ် တာဝန်ရှိသူ တစ်ဦးက ယွန်ယန်း ဟာဟု အမည်ပေးထားသည့် ရေတပ်သင်္ဘောသည် ပင်လယ်ဝါတွင် စတင် တာဝန်ထမ်းဆောင် နေပြီဟု အတည်ပြုခဲ့သည်။

ထိုသို့သော အခြေအနေများ အတွင်း မြောက်ကိုရီးယားသည် ၎င်းတို့၏ အရှေ့တောင်ဘက် ကမ်းရိုးတန်းအနီးမှ တဆင့် တာလတ်ပစ် ဒုံးကျည်တစင်းကို စမ်းသပ ်ပစ်လွှတ်မည့် အလားအလာများ တွေ့မြင် နေရကြောင်း ယုံဟပ်သတင်း အေဂျင်စီက ကြေညာခဲ့သေးသည်။

ထိုသတင်းကို တောင်ကိုရီးယား စစ်ဘက်က တစုံတရာ မှတ်ချက်ပေးရန် ငြင်းဆန်ထားသော်လည်း တောင်နှင့်မြောက် ကိုရီးယား နယ်စပ်တွင် တောင် ကိုရီးယား မရိန်းတပ်များကို တိုးမြှင့်ချထားပြီး လုံခြုံရေးအတွက် တပ်စွဲထားစေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here