ရှာရာပိုဗာ ပြင်သစ်အိုးပင်း ကွာတားဖိုင်နယ်တွင် ရှုံးနိမ့်

alt

ဒဏ်ရာများမှ သက်သာလာ ပြီးနောက် ပြင်သစ်အိုးပင်း အပေါ် အကြီးအကျယ် အာရုံထား မျှော်လင့် ခဲ့သော်လည်း မာရီယာ ရှရာပိုဗာ မှာ ကွာတား ဖိုင်နယ် အဆင့်မှပင် လက်ပြ နှုတ်ဆက် လိုက်ရပြီဖြစ်သည်။

ဇွန်လ (၂) ရက်နေ့က ယှဉ်ပြိုင်ကစားသော ပွဲစဉ်တွင် ရုရှား တင်းနစ်မယ်မှာ မရှုမလှ အရေးနိမ့် ခဲ့ရသည်။ ရှရှာပိုဗာ အား ပြိုင်ပွဲတွင် Seeding အဆင့် (၂၀) ရရှိထားသော ဒိုမင်နီကာ ကီဘာကိုဗာက (၆-၀)၊ (၆-၂) ဖြင့် (၂)ပွဲပြတ် အနိုင်ယူပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီ ဖြစ်သည်။

ရှာရာပိုဗာ သည် ယခုပွဲတွင် အကြီးအကျယ် လက်ပျက်နေပြီး ကီဗာကိုဗာကို ပွဲငယ် (၁၁)ပွဲဆက်တိုက် အရေးနိမ့်ခဲ့ပြီး (၆-၀)၊ (၅-၀) အထိ အပြတ်အသတ် ဖြစ်နေခဲ့သည်။ ပွဲအပြီးတွင် သူမအနေနှင့် အရှုံးနှင့် အနိုင်အနက် အနိုင်ကို မျှော်လင့်ပြီး ကြိုးစားခဲ့ကြောင်း၊ ဖြစ်မလာသည့် အတွက် ၀မ်းမနည်း နေတော့ကြောင်း ပြောကြား သွားခဲ့သည်။

သူမသည် ဒဏ်ရာကြောင့် ကာလအတန်ကြာ နားနေရပြီး ဂရင်းဆလင်း ပြိုင်ပွဲကြီး အချို့ကို ပါ၀င်ခွင့်မရဘဲ ပြင်သစ် အိုးပင်းကျမှ ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

ထို ဒဏ်ရာကြောင့်ပင် ကမာ္ဘ့အဆင့်(၁) နေရာတွင် ရပ်တည်ခဲ့ဖူးပြီး အဓိက ပြိုင်ပွဲကြီး (၃)ခုတွင် ဗိုလ်စွဲခဲ့ဖူးသည့် ရှရာပိုဗာ မှာ ယခုပြိုင်ပွဲတွင် ကမာ္ဘ့အဆင့် (၁၀၀)ကျော်သာ လျော့ချသတ်မှတ် ခံခဲ့ရကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here