မွတ်ဆလင် ကမ္ဘာနှင့် ဆက်ဆံရေး တိုးတက်လာမည်ဟု အိုဘားမား မျှော်လင့်

alt

ဇွန်လ (၄)ရက်နေ့တွင် အီဂျစ်နိုင်ငံ အတွင်း မိန့်ခွန်း ပြောကြားမည့် အမေရိကန် သမတ ဘာရက် အိုဘားမားက ၎င်း၏ မိန့်ခွန်းသည် မွတ်ဆလင် ကမာ္ဘနှင့် ဆက်ဆံရေး တိုးတက်လာမှုကို အထောက်အကူပြုရန် မျှော်လင့်လျှက်ရှိသည်။

၎င်းသည် အီဂျစ်မြို့တော် ကိုင်ရိုတွင် မိန့်ခွန်း ပြောမည်ဖြစ်ပြီး သမတဟောင်း ဂျော့ဘုရှ် လက်ထက်က အာရပ်ကမာ္ဘနှင့် ဆက်ဆံရေး ယိုယွင်းလာမှုကို ပြန်လည် ပြုပြင်နိုင်မည်ဟု အိုဘားမားက ယုံကြည် နေလျှက်ရှိသည်။

အိုဘားမား အနေနှင့် ၎င်း၏ မိန့်ခွန်းအတွင်း အမေရိကန် အစိုးရ၏ အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ အရေးပါသော မူဝါဒများကို ထည့်သွင်း ပြောဆို သွားဖွယ်ရှိသည်။ အိုဘားမား၏ ရုံးအဖွဲ့က သမတကြီး၏ မိန့်ခွန်းသည် ရင့်ကျက်မှုနှင့် အပြန်အလှန် လေးစားမှုကို ဖော်ကျူးမည်ဖြစ်ကြောင်း သုံးသပ်ထားသည်။

အာရပ် ကမာ္ဘတွင်လည်း အိုဘားမား အစိုးရ၏ သဘောထားအပေါ်  စိတ်ဝင်စားမှုမှာ တစထက်တစ မြင့်တက်လာနေပြီး စေ့စပ်ညှိနှိုင်းမှု အသစ်များကို သဘောတူနိုင်မည်ဟု ယူဆလျှက် ရှိသည်။

အာရပ်နိုင်ငံ များသည် သမတဟောင်း ဘုရှ်ထက် အိုဘားမား အပေါ် လိုလိုလားလား ရှိနေကြပြီး BBC ၏ ကောက်ခံထားသော စစ်တမ်းများအရ အီဂျစ်လူမျိုး (၅၈) ရာခိုင်နှုန်း၊ တူရကီ (၅၁) ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှန်း (၆၄) ရာခိုင်နှုန်းတို့က အိုဘားမားသည် မွတ်ဆလင်များနှင့် အပြုသဘောဆောင်သော ဆက်ဆံရေးကို တိုးမြှင့်နိုင်မည် ဖြစ်သလို တကမာ္ဘလုံး နှင့်လည်း အဆင်ပြေစွာ ဆက်ဆံနိုင်မှုတွင် ဘုရှ်ထက် သာမည်ဟု သဘောထား ပေးခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here