Titanic သင်္ဘောမှ နောက်ဆုံး ကျန်ရစ်ခဲ့သည့် အဘွားအို ကွယ်လွန်

alt

Titanic သင်္ဘောကြီး နစ်မြုပ်သွားစဉ်က အသက်ရှင် ကျန်ခဲ့သူများ အနက် တစ်ဦးတည်း ကျန်တော့သော အမျိုးသမီးကြီးမှာ ယခုအခါ ကွယ်လွန် သွားရှာပြီဟု သိရသည်။

မေးဗီလာဒင်း သည် (၁၉၁၂) ခုနှစ် အတွင်းက သင်္ဘောကြီး ရေခဲတုံးနှင့် တိုက်မိပြီး နစ်မြုပ် သွားချိန်တွင် နို့စို့ကလေး အရွယ်မျှသာ ရှိသေးသည်။

မေလ (၃၁)ရက်နေ့ ကမူ အင်္ဂလန်နိုင်ငံ၊ ဆောက်သမ်တမ်တွင် နေထိုင်သည့် ဒင်းမှာ အသက် (၉၇)နှစ် အရွယ်တွင် အနိစ္စရောက် ခဲ့ပြီဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

သင်္ဘောကြီး နစ်မြုပ်စဉ်က ဒင်းအား သူမ၏ မိသားစုများနှင့် အခြား ဒုက္ခသည်များက ကယ်တင်ပြီး ဖရီးဂိတ်သင်္ဘော North Atlantic က ကယ်ဆယ်ခြင်းကို ခံခဲ့ရသည်။ သူမသည် အိပ်ပျော်နေရင်း ငြိမ်းချမ်းစွာ သေဆုံးသွားခြင်း ဖြစ်ကြောင်း မိတ်ဆွေဖြစ်သူ ဂန်တာဘာဘလာ က ပြောကြားခဲ့သည်။

သင်္ဘောကြီး နစ်မြုပ်စဉ်က အသက် (၂)လသာ ရှိသေးသည့် ဒင်း ကွယ်လွန်မှုကြောင့် ယခုအခါ ကမာ္ဘပေါ်တွင် Titanic မှ လွတ်မြောက်လာပြီး ဆက်လက် အသက်ရှင်နေသူ လုံးဝမရှိတော့ပေ။ ကမာ္ဘ့ရေလမ်း သွားလာမှု သမိုင်းတွင် အဆိုးရွားဆုံး မတော်တဆမှုကြီး တစ်ခုအဖြစ် မှတ်တမ်းတင် ခံထားရသည့် Titanic သင်္ဘောကြီး နစ်မြုပ်မှုကြောင့် လူ(၁၅၁၇)ဦး သေဆုံးခဲ့ပြီး ဒင်း အပါအဝင် (၇၀၆)ဦးသာ အသက်ရှင်ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here