နစ်ကိုးကစ်မန်း ကလေးမွေးစားမည့် သတင်း မဟုတ်မှန်

alt

ဩစတြေးလျ နိုင်ငံထုတ် New Idea မဂ္ဂဇင်းတွင် ဖော်ပြထားသည့် နစ်ကိုးကစ်မန်း တစ်ယောက် ကလေးမွေးစားမည် ဆိုသော သတင်းများမှာ လုံးဝ မဟုတ်ကြောင်း သူမ၏ အေးဂျင့်က ထုတ်ဖော် ပြောကြားလိုက်သည်။

ကစ်မန်းသည် ဗီယက်နမ်နိုင်ငံ မှ ကလေးငယ် တစ်ဦးကို မွေးစားဖွယ် ရှိကြောင်း အဆိုပါ မဂ္ဂဇင်းက ဗီယက်နမ် အရာရှိတစ်ဦး၏ ပြောစကားကို ကိုးကား ဖော်ပြခဲ့ပြီးနောက် မင်းသမီး၏ ကလေး မွေးစားမည်ဆိုသော ကောလဟာလမှာ လျင်မြန်စွာ ပြန့်နှံ့လာခဲ့သည်။

ကိတ် အာဘင် နှင့် သမီးလေးတစ်ဦး ရရှိထားသည့် ကစ်မန်းသည် နောက်ထပ် ဗီယက်နမ် ယောက်ျားလေး တစ်ဦးကို သားအဖြစ် မွေးစားရန် ပြင်ဆင်လျှက် ရှိကြောင်း New Idea ကဆိုသည်။ သို့သော်လည်း ကစ်မန်း၏ အေးဂျင့်က အဆိုပါ သတင်းသည် လုံးဝ အခြေအမြစ် မရှိကြောင်း ငြင်းဆန်ခဲ့သလို အတည်ပြုချက် မရဘဲ သတင်းရေးခဲ့သည့် New Idea ကိုလည်း ဝေဖန်ခဲ့သည်။

မဂ္ဂဇင်း၏ အယ်ဒီတာအဖွဲ့ ကမူ ၎င်းတို့သည် ဗီယက်နမ်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ကလေးငယ် မွေးဖွားခြင်းဆိုင်ရာ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကို မေးမြန်းခဲ့ရာ ၎င်းက နစ်ကိုးကစ်မန်း တစ်ယောက် ဗီယက်နမ် ကလေးငယ် တစ်ဦးကို မွေးစားရန် အမေရိကန် သံရုံးမှ တဆင့် ကြိုးပမ်းနေကြောင်း ဖြေကြားခဲ့သဖြင့် သတင်း ရေးခဲ့ခြင်းဟု ဖြေရှင်းချက် ပေးထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here