Glamour ၏ ပရိသတ် အကြိုက်ဆုံးဆု ချယ်ရီကိုးလ် ဆွတ်ခူး

alt

Glamour မဂ္ဂဇင်းက ပရိသတ်များ ထံမှ ကောက်ယူခဲ့သော စစ်တမ်းများအရ ချယ်ရီကိုးလ်က ပရိသတ်အကြိုက်ဆုံး အမျိုးသမီးအဖြစ် မဲအများဆုံး ရရှိခဲ့သည်။

Girls Aloud အဖွဲ့မှ အသက် (၂၅)နှစ် အရွယ် ဗြိတိန်သူ အဆိုတော်လေးသည် မဲအရေအတွက် အများအပြားဖြင့် ပရိသတ်အားပေးမှု အများဆုံးရသော အမျိုးသမီး အနုပညာရှင်ဆုကို ရရှိခဲ့ကြောင်း ဩဇာကြီးမားသော မဂ္ဂဇင်း Glamour က ကြေညာလိုက်သည်။

မဂ္ဂဇင်း အနေနှင့် သက်ဆိုင်ရာ နယ်ပယ်အလိုက် ဆုချီးမြှင့်မှု များကို နှစ်စဉ်ပြုလုပ်ခဲ့ရာ ယခုနှစ်သည် (၆)ကြိမ်မြောက်ဖြစ်သည်။ ချယ်ရီကိုးလ် သည် FHM မဂ္ဂဇင်း၏ ညှို့ဓာတ်အပြင်းဆုံး အမျိုးသမီးဆုနှင့် Tatlar ၏ ၀တ်စားဆင်ယင်မှု စတိုင်လ် အကျဆုံး အမျိုးသမီးဆုများကို ရရှိခဲ့ပြီး ဖြစ်သည်။

ချယ်ရီသည် မကြာသေးမီကမှ Glamour မှပေးအပ် ချီးမြှင့်သည့် တစ်နှစ်တာ အတွက် အကောင်းဆုံး အမျိုးသမီး Band ဆုကို သူမ၏ တေးဂီတအဖွဲ့ Girls Aloud နှင့်အတူ ရရှိထား ခဲ့သေးသည်။

ချယ်ရီနှင့် အတူ ကယ်လီမိုင်းနော့ မှာလည်း Glamour ပရိသတ်က ရွေးချယ်သော တစ်နှစ်တာ စွမ်းဆောင်ရည် အမြင့်ဆုံး အမျိုးသမီးဆု၊ မင်းသမီး မစ်ချယ်ရိုင်ယန်းက တစ်နှစ်တာ အထူးချွန်ဆုံး ဗြိတိန် အမျိုးသမီး အနုပညာရှင် ဆုများကို အသီးသီး လက်ခံရရှိခဲ့ကြောင်း မဂ္ဂဇင်း Glamour က ကြေညာလိုက်ပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here