အင်္ဂလန် လက်ရွေးစင်အသင်း ခံစစ် အခက်အခဲများ ရင်ဆိုင်ရဖွယ်ရှိ

alt

ကမာ္ဘ့ဖလား ခြေစစ်ပွဲနွှဲမည့် အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ခံစစ် အခက်အခဲများနှင့် ရင်ဆိုင် ရဖွယ်ရှိကြောင်း သိရှိရသည်။

ယခု သီတင်းပါတ် အကုန်တွင် ကာဇက်စတန် နှင့် ယှဉ်ပြိုင်ရမည့် ခြေစစ်ပွဲအတွက် ရွေးချယ်ထားသည့် ကစားသမားများ အနက် မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ရီယိုဖာဒီနန် နှင့် ချဲလ်ဆီး တောင်ပံခံစစ်မှူး အက်ရှ်လေကိုးလ် တို့မှာ ဒဏ်ရာများ ရရှိနေသဖြင့် လေ့ကျင့်ခန်း မဆင်းနိုင် သေးသလို ခြေစစ်ပွဲတွင် ပါ၀င်နိုင်ရန် မသေချာဘဲ ရှိနေသည်။

ဖာဒီနန်သည် မန်ချက်စတာ၏ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဒဏ်ရာရရှိခဲ့ပြီး ကိုးလ် ကမူ ချဲလ်ဆီး၏ FA ဖလား ဗိုလ်လုပွဲတွင် ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ (၂)ဦးသည် ဇွန်လ (၃)ရက်နေ့တွင် လေ့ကျင့်ခန်း မဆင်းနိုင်ပါက အသင်းနည်းပြကြီး ဖေဘီယို ကာပယ်လို က လူစားထိုးသွားရန် စီစဉ်ထားသည်။

မန်ချက်စတာ ကွင်းလယ်လူ မိုက်ကယ် ကာရစ် မှာလည်း ဒဏ်ရာ အနည်းငယ် ရှိနေသဖြင့် နည်းပြကြီးက အက်စတွန်ဗီလာ အလယ်တန်းလူ ဂျိမ်းမီနာကို အစားထိုး ခေါ်ယူထားရသည်။

ယခု ပွဲအတွက် မန်ချက်စတာ နောက်ခံလူ ဂယ်ရီနဗီး ပြန်လည် အရွေးခံရသလို ၎င်း၏ အရင်းနှီးဆုံး သူငယ်ချင်း ဒေးဗစ်ဘက်ခမ်းလည်း ပါ၀င် လာမည်ဖြစ်သည်။ အာဆင်နယ် တောင်ပံတိုက်စစ်မှူး သီအိုဝဲကော့မှာ အင်္ဂလန် လက်ရွေးစင် အသင်းကြီးအတွက် သာမက အသက် (၂၁)နှစ်အောက် လက်ရွေးစင် အသင်းအတွက်ပါ ကစားပေးရမည် ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here