အတ္တလန္တစ် လွန်းပျံယာဉ် ကနေဒီ အာကာသစခန်းသို့ ပြန်လည်ရောက်ရှိ

alt

ဟာဘယ် အာကာသ မှန်ပြောင်းကြီးအား သွားရောက် ပြင်ဆင်ပြီးနောက် ကမာ္ဘမြေသို့ ပြန်လည်အောင်မြင်စွာ ဆင်းသက် နိုင်ခဲ့သည့် အတ္တလန္တစ် လွန်းပျံယာဉ်သည် ယခုအခါ မိခင်ဌာနသို့ ပြန်သွားပြီ ဖြစ်သည်။

ထို လွန်းပျံယာဉ်သည် ရာသီဥတု ဆိုးရွားမှုကြောင့် မူလ သတ်မှတ်ထားသည့် ဖလော်ရီဒါရှိ ကနေဒီ အာကာသစခန်းတွင် မဆင်းသက်နိုင်ဘဲ ကယ်လီဖိုးနီးယားရှိ အက်ဒွပ် လေတပ်စခန်းသို့ ဆင်းသက် ခဲ့ရသည်။

ယခု အခါတွင် အတ္တလန္တစ်အား နာဆာအဖွဲ့ပိုင် Boeing 747 လေယာဉ်ကြီး တစ်စင်းဖြင့် တင်ဆောင်ပြီး ကယ်လီဖိုးနီးယားမှ ဖလော်ရီဒါသို့ ပြန်လည် ပို့ဆောင်ခဲ့ပြီ ဖြစ်သည်။ ဇွန်လ (၁) ရက်နေ့က အတ္တလန္တစ်အား ကနေဒီ အာကာသစခန်းသို့ အောင်အောင်မြင်မြင် ပေးပို့နိုင်ခဲ့ပြီဟု နာဆာက ကြေညာသည်။

နာဆာသည် အဆိုပါ စီမံကိန်းအတွက် ဒေါ်လာ(၁.၈)သန်းမျှ ကျသင့်ဖွယ်ရှိကြောင်း အစောပိုင်း ကတည်းက ကြေညာထားခဲ့သည်။ အတ္တလန္တစ်သည် အာကာသယာဉ်မှူး (၇)ဦးနှင့် အတူ ကမာ္ဘ့ အပြင်ဘက် မိုင်(၃၅၀)ထိ ပျံသန်းပြီး ဟာဘယ် မှန်ပြောင်းကြီးကို သွားရောက် ပြင်ဆင်ခဲ့သည်။

(၁၃) ရက်ကြာ အာကာသ ခရီးစဉ်အပြီးတွင် မေလ(၂၄) ရက်နေ့က ကယ်လီဖိုးနီးယားသို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here