ဘရာဇီးမှ ပြင်သစ်လေယာဉ်အပိုင်းအစများ တွေ့ရှိ

alt

အတ္တလန်တိတ် သမုဒ္ဒရာ သို့ ပျက်ကျ သွားသည့် ခရီးသည် ၂၂၈ဦး တင်ဆောင် ထားသော ပြင်သစ် ခရီးသည် ဂျက်လေယာဉ် ၏ အပိုင်းအစများ ကို ဘရာဇီး လေတပ်မှ အင်္ဂါနေ့တွင် တွေ့ရှိခဲ့ပါသည်။

၎င်း လေကြောင်း လိုင်း သမိုင်း ၏ ရ၅နှစ်တွင် အဆိုးဝါးဆုံး အဖြစ်အပျက် တစ်ခု ဖြစ်ပါသည်။

ဘရာဇီး ကာကွယ်ရေး ဝန်ကြီး နယ်ဆင်ဂျိုဘင်က တနင်္လာနေ့ အစောပိုင်းက မုန်တိုင်းထန်သည့် ရာသီ ဥတု၌ ပျောက်ဆုံးသွားသည့် Airbus A330 ၏ ပြန့်ကျဲ နေသည့်အပိုင်းအစများ ကို ၅ ကီလိုမီတာ (၃) မိုင် ပတ်လည် အတွင်း တွေ့ရှိ ရကြောင်းဖြင့် ပြောဆိုပါ သည်။ ကျွမ်းကျင်သူများ က လေယာဉ်ပေါ် တွင် ပါလာသော ခရီးသည် အားလုံး မှာ သေဆုံး သွားပြီ ဟု ယူဆ ပါသည်။

တနင်္ဂနွေနေ့ ညက ဘရာဇီးကာကွယ်ရေးဝန်ကြီး နယ်ဆင်ဂျိုဘင် က ပြင်သစ် လေယာဉ် စတင် ထွက်ခွာရာ မြို့ဖြစ်သည့် ရီယိုဒီဂျနေရီးရိုးမြို့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ပင်လယ်ပြင်၌ တွေ့ရှိရသည့် အပိုင်းအစ အပျက်အဆီးများ မှာ ပြင်သစ်လေယာဉ်မှ ဖြစ်သည်ဟု ဆိုပါသည်။

ဘေးဆိုး မှ လွတ်မြောက်စေရန် ဆုတောင်းနေသည့် စိုးရိမ်ပူပန်နေသော ဆွေမျိုးများ အနေ ဖြင့့် ၎င်းတို့၏ မျှော်လင့်ချက် ကို စွန့်လွှတ် လိုက်ပြီ ဖြစ်ကြောင်း ဖြင့် ဆိုပါသည်။

နောက်ဆုံး မျှော်လင့်ချက် အနေဖြင့် မိမိတို့တွင် မရှိနိုင်တော့ကြောင်း၊ မိမိတို့ အနေဖြင့် လေယာဉ် မှာ ကျွန်းတစ်ကျွန်းပေါ်တွင် ဆင်းသက်ခဲ့ နိုင်သည်ဟု မျှော်လင့်ချက်မျိုး ထားရှိ ခဲ့ပါကြောင်း၊ သို့ရာတွင် ယခု မိမိတို့အနေဖြင့် ထိုသို့ မမျှော်လင့် နိုင်တော့ပါကြောင်း ဖြင့် လေယာဉ်ပေါ်တွင် ပါသွားသော သားဖြစ်သူ ၏ မိခင် Aldair Gomes က ပြောပါ သည်။

လေယာဉ် ထိုင်ခုံများ၊ လိမ္မော်ရောင် အသက်ကယ် ဘောတစ်ခု၊ ၀ါယာကြိုး၊ သတ္တု အစိတ်အပိုင်းများ နှင့် လေယာဉ်ဆီ အစွန်းအကွက်များ ကို ပင်လယ် ကမ်းရိုးတန်းမြို့ Recife ၏ အရှေ့မြောက်ဘက် ၁,၂၀၀ ကီလိုမီတာ (၇၄၅မိုင်) အကွာ ရေပြင်ပေါ်တွင် တွေ့ရှိရကြောင်းဖြင့် ဘရာဇီး လေယာဉ်မှူးများ က ဆိုပါသည်။

ညလယ်လောက်တွင် လေယာဉ်သည် ဘာကြောင့်ပျက်ကျရသည်ဆိုသော သဲလွန်စများပါရှိသည့် လေကြောင်းဆိုင်ရာအချက်အလက်နှင့်အသံများ သိုမှီထားသည့် အသံဖမ်းစက်များကို ရှာဖွေတွေ့ရှိရန် လွန်စွာမှ ခက်ခဲသည်ဟု ဆိုပါသည်။ ဘရာဇီးကာကွယ်ရေးဝန်ကြီး နယ်ဆင်ဂျိုဘင်က အဆိုပါအသံဖမ်းစက် များသည် ရေအောက်အနက် မီတာ ၂,၀၀၀ မှ မီတာ ၃,၀၀၀ (ပေ ၆,၆၀၀ မှ ပေ ၉,၈၀၀၀၀)ရှိ သမုဒ္ဒရာကြမ်းပြင်တွင် တွေ့ရှိနိုင်သည်ဟု ဆိုပါသည်။

ဘရာဇီးသမ္မတ Luiz Inacio Lula da Silva က အသံဖမ်းစက် Black Boxes များကို တွေ့မည်ဟု မိမိ ယုံကြည်ကြောင်းဖြင့် ဆိုပါသည်။

၎င်းက သမုဒ္ဒရာရေပြင်အောက်မီတာ ၆၀၀၀ တွင် ရေနံကို တွေ့ရှိနိုင်သည့်နိုင်ငံ အနေဖြင့် ရေပြင် အောက်မီတာ ၂၀၀၀ တွင် လေယာဉ်ကို တွေ့ရှိနိုင်သည်ဟု ဘရာဇီးနိုင်ငံအစိုးရကုမ္ပဏီမှ များမကြာမီက လွန်စွာနက်ရှိုင်းသော ရေအောက်တွင် ရေနံများ တွေ့ရှိမှုအပေါ် ရည်ညွှန်း၍ ဂွါတာမာလာမြို့ရှိ သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

အသံသွင်းစက်များမှာ ၎င်းတို့ ရေပြင်နှင့်ထိတွေ့ပြီးနောက် မိခင်ဌာနသို့ ရက်ပေါင်း ၃၀ကြာမျှ အချက်ပြနိုင်ရန် ဒီဇိုင်းပုံစံပြုလုပ်ထားပါသည်။ သို့ရာတွင် များသောအားဖြင့် ၎င်းစက်များသည် ရေပေါ်တွင် ပေါ်နေခြင်းမရှိပါ။ ကျွမ်းကျင်သူတစ်ဦးက တိုက်တန်းနစ်သင်္ဘောကို ရှာဖွေပြီးနောက် ယခုရှာဖွေမှုသည် အခက်အခဲဆုံးသော ဆယ်ယူရေးအလုပ်တစ်ခုဖြစ်သည်ဟု ဆိုပါသည်။ ကောက်ရိုးပုံတွင် အပ်ရှာရသကဲ့သို့ ဖြစ်သည်ဟု စစ်ရေးနှင့်စီးပွားရေးဆိုင်ရာ ရေငုတ်ကိရိယာများကို ဒီဇိုင်းပုံဖော်ထုတ်လုပ်သည့် Divex မြို့တွင် အခြေစိုက်သည့် Aberdeon ကုမ္ပဏီမှ တွဲဖက်မန်နေဂျင်းဒါရိုက်တာဖြစ်သူ Derek Clarke က ဆိုပါသည်။

အတွေ့အကြံုရင့်ကျက်သည့် လေယာဉ်မှူး(၃)ယောက် မောင်းနှင်သည့် ခေတ်မီလေယာဉ်ကို မုန်တိုင်းသည် သေရေးရှင်ရေး Mayday အချက်ပြမခေါ်ဆိုနိုင်အောင် ပျက်ကျစေခဲ့ရမှုအတွက် အာဏာပိုင်များအား စိတ်ရှုပ်ထွေးမှု ဖြစ်စေခဲ့ပါသည်။

ဘရာဇီးရှာဖွေရေးအဖွဲ့များ၏ အကူအညီကိုယူ၍ စုံစမ်းစစ်ဆေးမှုကိုပြုလုပ်မည့် ပြင်သစ်မှ ကျွမ်းကျင် သူများသည် ဘရာဇီးသို့ ရောက်ရှိပြီးဖြစ်ပါသည်။

ဘရာဇီးလေတပ်အနေဖြင့် တနင်္လာနေ့တွင် ပြင်သစ်လေယာဉ် AF 447 သည် ပင်လယ်ကမ်းရိုးတန်းမှ ၅၆၅ ကီလိုမီတာ (၃၅၀မိုင်) အကွာတွင်ရှိစဉ် နောက်ဆုံးအနေဖြင့် အဆက်အသွယ်ရရှိခဲ့ပါသည်။

မိနစ်(၄၀)ကြာပြီးနောက် နောက်ဆုံးအလိုအလျောက်အချက်ပြချက်များအရ လျှပ်စစ်ဆိုင်ရာ ချို့ယွင်း မှု တစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း သတင်းပို့ချက်ရရှိခဲ့ပါသည်။

အယူအဆတစ်ခုအနေဖြင့် မိုးကြိုးပစ်မှုတစ်ခု သို့မဟုတ် ဆိုးဝါးသော ရာသီဥတုတစ်ခုကြောင့် ချို့ယွင်းမှုများကို အတွဲလိုက်ဖြစ်ပေါ်စေခဲ့သည်ဟု ယူဆပါသည်။ သို့ရာတွင် လေကြောင်းသွားလာရေး ကျွမ်းကျင်သူများက လေယာဉ်များမှာ ပုံမှန်အားဖြင့် မိုးကြိုးပစ်ခံရလေ့ရှိကြောင်း၊ မိုးကြိုးပစ်မှုတစ်ခုထဲဖြင့် ပျက်မကျနိုင်ကြောင်းဖြင့် ဆိုပါသည်။

ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်းက ပြောကြားရာ၌ ပြင်သစ်လေယာဉ်ပျောက်ကွယ်မသွားမီ နာရီဝက် ခန့်က အဆိုပါနေရာတွင် ဂျာမန်လေကြောင်း Lufthansa လေယာဉ်(၂)စီး ရှိခဲ့သည်ဟု ယုံကြည်ရကြောင်း ဖြင့် ဆိုပါသည်။ အဆိုပါ ဂျာမန်လေယာဉ်များအနေဖြင့် စုံစမ်းစစ်ဆေးသူများကို သဲလွန်စများ ပေးနိုင်မည်ဟု မျှော်လင့်ရပါသည်။

လေယာဉ်ပေါ်တွင် ပါရှိသည့် ခရီးသည် ၂၁၆ ယောက်အနက် များမကြာမီနှစ်များက ဘရာဇီးနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် အရေးပါသည့် ကုမ္ပဏီကြီးများမှ အမှုဆောင်အရာရှိကြီးများနှင့် ဥရောပနိုင်ငံခြား တိုးရစ်ခရီးသည်များနှင့်အတူ ကလေး(၇)ယောက်နှင့် မွေးကင်းစခလေးငယ်တစ်ဦး ပါရှိသွားပါသည်။

ဗြိတိသျှနိုင်ငံတွင် အခြေချသည့် ဘရာဇီးသွားစိုက်ဆရာဝန် Jose Rommel Amorim ၏ မိခင် Diana Raquel က သူမ၏သားမှာ တနင်္ဂနွေနေ့တွင် ၃၅နှစ်ပြည့်သည့်နေ့ သေဆုံးခဲ့သည်ဟု ဆိုပါသည်။

ပြင်သစ် လျှပ်စစ်ပစ္စည်းများထုတ်လုပ်သည့်လုပ်ငန်း CGED မှ ၎င်း၏ အမှုထမ်း(၁၀)ယောက် ပါရှိသွား ကြောင်းနှင့် ရက်ပေါင်း(၃)ရက်အား ၀မ်းနည်းပူဆွေးပွဲနေ့များအဖြစ် ကြေညာသွားခဲ့ပါသည်။

လင်းဦး(စိတ်ပညာ)

LEAVE A REPLY

Please enter your comment!
Please enter your name here