ရုပ်ရှင်မင်းသမီး မီဂန်ဖော့စ် သရုပ်ဆောင် လုပ်ငန်းအပေါ် ဝေဖန်သုံးသပ်

alt

ရုပ်ရှင် မင်းသမီး အလုပ်သည် ကြေးစားမယ် တစ်ဦး နှင့် ဘာမှ မကွာကြောင်း မီဂန်ဖော့စ် က သုံးသပ် လိုက်သည်။

ကြေးစား အမျိုးသမီးများ အနေနှင့် မချစ်သောသူအား အခကြေးငွေ အတွက် နမ်းရ၊ ဖက်ရ ဖြင့် လိုက်လျော နေရသလို မိမိတို့ မင်းသမီး ဘဝတွင် လည်း စိတ်အလိုမပါပဲ မင်းသားများ ကို လူမြင်ကွင်း တွင်ပင် ပွေ့ဖက်ရ၊ နမ်းရှုတ်ရ၊ ချစ်တင်းနှော ပြရနှင့် သရုပ်ဆောင် နေရကြောင်း ဖော့စ် က ဆိုသည်။

သူမ၏ အမြင်တွင် ကြေးစားမယ် အလုပ်နှင့် မင်းသမီး အလုပ်သည် နာမည် အဆိုးအကောင်းသာ ကွာပြီး အနှစ်သာရ ခြင်း အတူတူပင် ဖြစ်သည်ဟု Transformers မင်းသမီးက ပြောကြားလိုက်သည်။ ထို့အပြင် လူတွေစိတ်တွင် ထိုအပြုအမူများ အတွက် ရိုးပင်နေပြီဟု သတ်မှတ်ထားကြောင်း ဖော့စ်က ၀န်ခံခဲ့သည်။

အသက် (၂၃)နှစ် ရှိပြီဖြစ်သော ဖော့စ်သည် အိန်ဂျယ်လီနာ ဂျိုလီ၏ နေရာတွင် အစားဝင်ပြီး Tomb Raider 3 တွင် သရုပ်ဆောင် ရမည်ဆိုသော သတင်းများအား ငြင်းဆန်ခြင်း မပြုခဲ့သော်လည်း သူမ အနေနှင့် လာရာခရော့ ဆိုသော လူစွန့်စား အမျိုးသမီး ဇာတ်ကောင် စရိုက်တွင် ဂျိုလီ၏ အရှိန်အဝါ ဖုံးလွှမ်းနေမှုကို လက်ခံမည် မဟုတ်ဘဲ သူမ၏ ကိုယ်ပိုင်ဟန်ဖြင့်သာ သရုပ်ဆောင် သွားလိုကြောင်း ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here