မြေးဖြစ်သူက နယ်လ်ဆင် မန်ဒဲလား၏ ဈာပနအခမ်းအနား ရုပ်သံရိုက်ကူးခွင့် ကြိုတင်ရောင်းချ

alt

တောင်အာဖရိက အာဇာနည် ခေါင်းဆောင်ကြီး နယ်လ်ဆင် မန်ဒဲလား၏ မြေးဖြစ်သူ လုပ်ရပ်ကြောင့် မိသားစု တခုလုံး မျက်နှာပျက်စရာ အဖြစ်နှင့် ရင်ဆိုင် နေရသည်။

မန်ဒလာ မန်ဒဲလား သည် ၎င်း၏အဖိုး သက်ရှိ ထင်ရှား ရှိနေစဉ်မှာပင် ၎င်း သေဆုံး ပါက ဈာပနအခမ်းအနားကို ရုပ်မြင်သံကြား ရိုက်ကူးခွင့်ပြုရန် မူပိုင်ခွင့်ကို SABC ရုပ်မြင်သံကြားသို့ ရောင်းချ ထားကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် အပြင်းအထန် ဝေဖန်မှုများ ခံနေရသည်။

မန်ဒဲလား၏ မိသားစုက မန်ဒလာ၏ လုပ်ရပ်ကြောင့် အလွန် ထိတ်လန့်မိကြောင်း၊ အဖိုးဖြစ်သူ အသက်ရှင် နေလျက်နှင့် ယခုလို လုပ်ခြင်းအတွက် စိတ်လည်း အလွန်ဆိုးကြောင်း ပြောကြားခဲ့ကြသော်လည်း ထိုသတင်း မှန်မမှန်ကိုမူ မဝေခွဲနိုင်သေးဟု ၀န်ခံခဲ့သည်။

မန်ဒလာ အနေနှင့် ရုပ်မြင်သံကြားဌာနမှ ငွေကြေးမည်မျှ ရရှိထားကြောင်း အသေအချာ မသိရသေးသော်လည်း ပေါင်ငွေ (၂၂၅၀၀၀) ခန့်မျှ ဖြစ်နိုင်ကြောင်း မိသားစုက ထုတ်ဖော် ပြောဆိုထားသည်။ ထိုငွေသည် တောင်အာဖရိက ငွေကြေးဖြစ်သော ရန်းငွေ (၃)သန်းနှင့် ညီမျှသည်။

အသက်(၉၀) ရှိပြီဖြစ်သော မန်ဒဲလားသည် ကျန်းမာရေး အခြေအနေ ညံ့ဖျင်း လာပြီးနောက် အများ ပြည်သူရှေ့သို့ ထွက်ပေါ်လာမှုမှာလည်း နည်းသထက် နည်းလာကြောင်း သိရသည်။

လက်ရှိ အချိန်တွင်မူ အသက်(၃၆)နှစ် အရွယ် မန်ဒလာက ၎င်းနှင့် SABC တို့သည် နိုလ်ဘယ် ဆုရှင်ကြီး၏ ဈာပန အခမ်းအနားအတွက် ရုပ်မြင်သံကြား ရိုက်ကူးရန် ကြိုတင် ညှိနှိုင်းပြီး သဘောတူထားသည် ဆိုသော သတင်းများကို “ဘူး”ကွယ်ကာ ဒေါသတကြီး ငြင်းဆန်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here