မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ ၏ နေရာအား သားအငယ်ဆုံး ဆက်ခံမည်

alt

မြောက် ကိုရီးယား အာဏာရှင်  ကင်ဂျံုအီ ၏ အငယ်ဆုံး သားသည် ယခု အခါ မြောက်ကိုရီးယား နိုင်ငံ ၏ အနာဂတ် ခေါင်းဆောင် အဖြစ် တရားဝင် သတ်မှတ် ခံလိုက်ရပြီ ဖြစ် သည်။

မြောက်ကိုရီးယား ၏ အာဏာရ ကွန်မြူနစ် ပါတီက အသက် (၂၆) နှစ်သာ ရှိသေးသော ကင်ဂျံုအန် ကို သမတကြီး နေရာ ဆက်ခံသူ အဖြစ် ရွေးချယ် လိုက်ကြောင်း ကြေညာသည်။

ကင်ဂျံုအန် သည် ဂျာမနီ၊ ပြင်သစ်နှင့် ဆွစ်ဇာလန် နိုင်ငံ တို့တွင် ကျောင်းနေ ခဲ့ဖူးသူ ဖြစ်ပြီး နှင်းလျှောစီး အားကစား ကို ၀ါသနာပါသူ ဖြစ်သည်။ မြောက်ကိုရီးယား ၏ အနုမြူဗုံး စမ်းသပ် ဖောက်ခွဲမှု ကြောင့် တောင်ကိုရီးယား နိုင်ငံ နှင့် ဆက်ဆံရေး တင်းမာနေချိန်တွင် ယခုကဲ့သို့ ခေါင်းဆောင်သစ် ကြေညာမှုကို ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ကင်ဂျံုအီမှာ လက်တလောတွင် ရာထူးကို စွန့်လွှတ်ဦးမည် မဟုတ်ဟုလည်း Hankook Ilbo သတင်းစာက ဖော်ပြခဲ့သည်။ ယခု အခါတွင် မြောက်ကိုရီးယား အာဏာပိုင်များက ကင်ဂျံုအန် ကို ဂုဏ်ပြုရန်အတွက် စပ်ဆိုထားသော Commander Kim ဆိုသည့် သီချင်း ကို ပြည်သူများအား သင်ကြား ပေးနေကြောင်း သိရသည်။

အသက် (၆၇) နှစ် ရှိပြီဖြစ်သည့် ကင်ဂျံုအီသည် ပြီးခဲ့သော နှစ်ပိုင်းများ အတွင်းက လေဖြတ်ဝေဒနာ ခံစား ခဲ့ရကြောင်း သတင်းများ ထွက် ခဲ့ သေးသော်လည်း မြောက်ကိုရီးယား စစ်ဘက် အာဏာပိုင်များက ပယ်ချ၊ လှည့်ဖျား နေခဲ့သေးသည်။ ကင်ဂျံုအီ တွင် သား (၃) ယောက်ရှိပြီး အငယ်ဆုံးသား အား အရိုက်အရာ ဆက်ခံသူအဖြစ် ရွေးချယ်ခြင်းသည် ခေါင်းဆောင်ကြီး ၏ ဆန္ဒလည်း ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here