ကမ္ဘာ့အဆင့်မီ တိုက်စစ်မှူး ဖြစ်နေသေးကြောင်း ဖော်လန် သက်သေပြ

alt

မန်ချက်စတာ ယူနိုက်တက်မှ ခေါင်းငုံ့ထွက်ခွာ ခဲ့ရသော်လည်း ၎င်းသည် ကမာ္ဘ့အဆင့် အရည်အသွေးမီ တိုက်စစ်မှူးတစ်ဦး ဖြစ်နေသေးကြောင်း ဒိုင်ဂိုဖော်လန် က ထပ်မံ သက်သေပြ လိုက်နိုင်ပြီ ဖြစ်သည်။

၎င်းသည် စပိန် လာလီဂါ အမှတ်ပေးပြိုင်ပွဲတွင် အက်သလတ်တီကို မက်ဒရစ် အသင်းအတွက် ပြီးခဲ့သော ဘောလုံးရာသီ အတွင်း (၃၂)ဂိုး သွင်းယူပေးခဲ့ပြီး ယခုနှစ်အတွက် ဥရောပ ရွှေဖိနပ်ဆုကို ဆွတ်ခူး ရယူလိုက်နိုင်ပြီ ဖြစ်သည်။

ထိုဆုကို ၎င်း မန်ချက်စတာမှ ပြောင်းရွှေ့ လာပြီးနောက် ဗီလာရီးရဲလ်တွင် ကစားနေစဉ် ကလည်း ရရှိခဲ့သေးပြီး ယခုအကြိမ်သည် ဒုတိယမြောက် ဖြစ်သည်။ ဖော်လန် အနေနှင့် နောက်ဆုံးကစားခဲ့သော (၈)ပွဲတွင် (၁၂)ဂိုး အထိ သွင်းယူ နိုင်ခဲ့သောကြောင့် ယခုလို ရွှေဖိနပ်ဆုအား ရရှိနိုင်ခဲ့ခြင်း ဖြစ်သည်။

အသက် (၃၀) အရွယ် ဖော်လန် ၏ခြေစွမ်းကို မန်ချက်စတာ စီးတီးနှင့် လီဗာပူး အသင်းများက စိတ်ဝင်စား နေကြောင်းလည်း သတင်းများက ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here