အာရှ အိုင်တီနည်းပညာပြပွဲ ထိုင်ဝမ်တွင် ကျင်းပ

alt

အာရှ၏ အကြီးကျယ်ဆုံး ITနည်းပညာ ပြပွဲနှင့် ဈေးရောင်း ပွဲတော်ကို တိုင်ဝမ်တွင် ခင်းကျင်း ပြသနေကြောင်း သိရှိရသည်။

Computex Taipei က ကြီးမှူးကျင်းပသော အဆိုပါ ပွဲတော်သည် ထိုအဖွဲ့အစည်း၏ (၂၉)နှစ်တာ သက်တမ်းအတွင်း ပထမဆုံးအကြိမ် ကျင်းပခြင်းလည်း ဖြစ်သည်။ (၅) ရက်ကြာ ပြုလုပ်သွားမည့် အဆိုပါ ပွဲတော်သည် ဇွန်လ(၂) ရက်နေ့မှ စတင်မည်ဖြစ်ပြီး တန်ဖိုးနည်း Notebook ကွန်ပျူတာများ၊ နောက်ဆုံးပေါ် မိုဘိုင်းလ်ကြိုးမဲ့ အင်တာနက် Broadband စနစ်များကို ခင်းကျင်းပြသထားသည်။

ထိုပွဲတော်သို့ တိုင်ဝမ်ရှိ ကွန်ပျူတာ ကုမ္မဏီများက လာရောက်ပြီး Notebook အမျိုးအစား စုံလင်စွာကို ခင်းကျင်း ပြသခဲ့သည်။ Asus ကလည်း ၎င်းတို့၏ Eee PC များ၏ နောက်ဆုံးမျိုးဆက်ကို ထုတ်ဖော်ပြသလာခဲ့ပြီး ပြိုင်ဘက် Acer ကလည်း Hewitt-Packard နှင့်အပြိုင် ၎င်းတို့၏ Notebook များကို ကြော်ငြာရောင်းချလာသည်။

ထိုကုမ္မဏီကြီးများက ထုတ်လုပ်ထားသော အသေးစား Netbook လေးများသည်လည်း ပြပွဲလာ ပရိသတ်အတွက် စိတ်ဝင်စားစရာ ဖြစ်လာခဲ့သည်။ အဆိုပါ Netbook ကလေး အများစုသည် (၂.၂)ပေါင် အောက်သာ အလေးချိန်ရှိပြီး အမေရိကန်ဒေါ်လာ (၂၅၀) မျှသာ ဈေးနှုန်း ကျသင့်သည်။

ပွဲစီစဉ်သူများက ကုမ္မဏီ (၄၅၀၀) ကျော်တို့ ပါ၀င်ပြသသည့် အဆိုပါနည်းပညာ ပြပွဲသို့ လူ(၁၀၀၀၀၀) ကျော် လာရောက်မည်ဟု ယုံကြည် နေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here