နှလုံးရောဂါ ကာကွယ်နိုင်သည့် ခရမ်းချဉ်သီး ဗြိတိန်တွင် ရောင်းချ

alt

နှလုံးရောဂါကို ကာကွယ် ပေးနိုင်သည် ဆိုသော ခရမ်းချဉ်သီးများကို ဗြိတိန်တွင် စတင် ရောင်းချနေပြီ ဖြစ်သည်။

နှလုံးရောဂါကို တားဆီး ကာကွယ်ပေးသော သဘာဝရင်းမြစ် ဓာတ်တမျိုးသည် ခရမ်းချဉ်သီး မှည့်တွင် ပေါကြွယ်ဝစွာ ပါ၀င်နေကြောင်း ပညာရှင်များက ပြောကြား လိုက်သည်။

Lycopene အမည်ရှိ အဆိုပါ ဓာတုပစ္စည်းသည် ခရမ်းချဉ်သီးကို အနီရောင်ဖြစ်စေသည့် ဓာတ်ပေါင်းဖြစ်ပြီး နှလုံးရောဂါကို တားဆီးရာတွင် အစွမ်းထက်ပြီး ကျန်းမာရေး အတွက် အထောက်အကူပြုကြောင်း သိရသည်။

ယခင် လေ့လာမှုများအရ ခရမ်းချဉ်သီး နှင့် နှလုံးရောဂါ ကာကွယ်စွမ်းရည် ဆက်စပ်မှုကို မဖော်ထုတ် နိုင်ခဲ့သော်လည်း ယခုအခါတွင် ခရမ်းချဉ်သီးမှည့်တွင် နှလုံးရောဂါကို တားဆီး ကာကွယ်နိုင်သည့် စွမ်းရည်ရှိကြောင်း တွေ့ရှိလာကြပြီ ဖြစ်သည်။

အထူးသဖြင့် အီတလီတွင် အများဆုံး စိုက်ပျိုးလေ့ရှိသော Tangerine အမည်ရှိ ခရမ်းချဉ်သီးတွင် ထိုဓာတ်အများဆုံး ပါ၀င်ကြောင်း သိရသည်။ ယခုအခါတွင် အဆိုပါ ခရမ်းချဉ်သီးအား နေ့စဉ် စားသုံးရမည့် နှလုံးရောဂါ ကာကွယ်ဆေး တခုအဖြစ် စတင် ရောင်းချနေပြီ ဖြစ်သည်။

ထိုခရမ်းချဉ်သီး တစ်လုံးစီတွင် Lycopene ပမာဏ (၇) မီလီဂရမ်မျှ ပါ၀င်ပြီး Ateronon ဟု အမည် ပေးထားကြောင်းလည်း သိရသည်။ ထို ခရမ်းချဉ်သီးများကို အမေရိကန်နိုင်ငံ၊ ဟားဗတ် ဆေးကျောင်းတွင် စနစ်တကျ သုတေသနပြုလုပ်ပြီး ဈေးကွက်တွင် ဖြန့်ချီခဲ့ခြင်းဟု သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here