Slumdog Millionaire ဇာတ်ကားမှ ကလေးများအား ဒါရိုက်တာကူညီ

alt

အော်စကာ (၈)ဆု ဆွတ်ခူးနိုင်ခဲ့သော Slumdog Millionaire ဇာတ်ကားမှ အဓိက ကလေး သရုပ်ဆောင်(၂)ဦး အိမ်ရာမဲ့ဘဝမျိုး မရောက်စေရန် အဆိုပါ ဇာတ်ကား ဒါရိုက်တာ ဒင်နီဘွိုင်း က ကူညီ လိုက်ရသည်။

အသက် (၁၀)နှစ်ရှိ အက်ဇဟာရူဒီ အစ်ဇမေး နှင့် အသက် (၉)နှစ်ရှိ ရူဘေလာအလီ တို့သည် အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်း မြို့တော်ရှိ ကျူးကျော် ရပ်ကွက်တွင် နေထိုင်ကြရ ရှာသူများဖြစ်သည်။

မကြာသေးမီက ထိုရပ်ကွက်များကို ဖျက်သိမ်းတော့မည်ဟု ဒေသဆိုင်ရာ အာဏာပိုင်များက ကြိုတင်အမိန့် ထုတ်ပြန်ခဲ့ပြီးနောက် အလီ နှင့် အစ်ဇမေး တို့၏ မိသားစုမှာ နေစရာ ပျောက်တော့မည့် အလားအလာနှင့် ကြံုခဲ့ကြရသည်။ ထိုသတင်းကို ကြားသိပြီးနောက် ဘွိုင်းသည် မွမ်ဘိုင်းသို့ လာရောက်ခဲ့ပြီး အိန္ဒိယ အစိုးရနှင့် ညှိနှိုင်းကာ ကလေး (၂)ယောက်ကို အိမ်တစ်လုံးစီ ၀ယ်ပေးရန် စီစဉ်ခဲ့သည်။

ဘွိုင်း နှင့် Slumdog ဇာတ်ကား ဒါရိုက်တာများသည် အစ်ဇမေး နှင့် အလီတို့၏ ပညာရေး အသုံးစရိတ်အတွက် ရံပုံငွေ တစ်ရပ်ကိုလည်း ထူထောင် ပေးပြီးဖြစ်သည်။

ယခုအခါ အစ်ဇမေး အတွက် အိမ်တစ်လုံး ၀ယ်ပေးပြီးဖြစ်ကာ အလီတို့ မိသားစု အတွက်လည်း အိမ်ရှာလျှက် ရှိနေသဖြင့် ကလေး (၂)ဦးအတွက် အနာဂတ်အရေး စိတ်အေးစရာ ဖြစ်ခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာများက ဘွိုင်းကို ချီးကျူး ရေးသားခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here