ဗလီ ဗုံးခွဲသူများအား အီရန် တွင် လူမြင်ကွင်း၌ ကြိုးပေး

alt

မေလ (၂၈) ရက်နေ့က အီရန်နိုင်ငံ ဇာဟေဒန်း ဒေသတွင် ဖြစ်ပွားခဲ့သော ဗုံးခွဲမှုအား ကျူးလွန်ခဲ့သူ (၃)ဦးကို အီရန် အစိုးရက ကြိုးပေးလိုက်ပြီ ဖြစ်သည်။

မေလ (၃၀) ရက်နေ့က ဇာဟေဒန်း မြို့လယ် လူစည်ကားရာ နေရာတွင် ဟတ်ဂျီ နက်တီးဇာဟီ၊ ဂူလမ်ယာ ဆိုရှာဟူဇာဟီ နှင့် ဇာဘေ ဟိုလယ်နာရိုရေးတို့ (၃)ဦးအား မျက်နှာဖုံး စွပ်ထားသည့် အာဏာ ပါးကွက်သားများက မြို့လူထု၏ မျက်စိရှေ့မှောက် မှာပင် ကြိုးပေး ကွပ်မျက်ခဲ့သည်။

ထို ဗုံးကွဲမှုကြောင့် ဗလီအတွင်း ၀တ်ပြုနေသူ လူ(၂၅)ဦး သေဆုံးပြီး (၁၂၅)ဦး ဒဏ်ရာများ ရရှိခဲ့ကြသည်။ အီရန် အစိုးရက ၎င်းတို့ (၃)ဦးသည် အဆိုပါ ပြစ်မှုအတွက် ထုတ်ဖော် ၀န်ခံခဲ့ကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့အား ဖမ်းမိချိန်တွင် ဗလီအတွင်း ဗုံးထောင်ပြီး ဖြစ်နေသောကြောင့် အချိန်မီ ကယ်တင်နိုင်ခဲ့ခြင်း မရှိဟု ပြောကြားခဲ့သည်။

ထိုဗုံးခွဲမှုကို ၎င်းတို့ ကျူးလွန်ကြောင်း ဆွန်နီလူမျိုး အစွန်းရောက် မွတ်ဆလင် အဖွဲ့တစ်ခုက ကြေညာခဲ့သေးပြီး အီရန် အစိုးရကမူ ထိုဗုံးခွဲမှုအား အမေရိကန် နှင့် အစ္စရေး အစိုးရများက နောက်ကွယ်မှ သွေးထိုး စေခိုင်းခဲ့ကြောင်း စွပ်စွဲထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here