နောက်နှစ်ရာသီ ချန်ပီယံလိဂ် ဆုဖလား မန်ယူ အရယူမည်ဟုဆို

alt

မန်ချက်စတာ ယူနိုက်တက်သည် နောက်တနှစ်တွင် ဥရောပ ချန်ပီယံလိဂ်ကို ကိုင်မြှောက်နိုင်ရန် အတွက် တကျော့ ပြန်လာဦးမည် ဖြစ်ကြောင်း ကွင်းလယ် ကစားသမား ရိုင်ယန်ဂစ်က ကတိပေး ပြောကြားလိုက်သည်။

 အသက် (၃၅)နှစ် အရွယ်ရှိ မန်ချက်စတာ ယူနိုက်တက် သက်တော်ရှည် ဝေလ လက်ရွေးစင်ဟောင်းကြီးက မိမိတို့ အသင်း၏ အဆင့်အတန်းကို ပြသရန် အတွက် နောက်ထပ် ကြိုးစားမည်ဟု ဆိုသည်။

မေလ (၂၇) ရက်နေ့က ရောမမြို့တွင် ဘာစီလိုနာအား ရှုံးနိမ့်ပြီး ချန်ပီယံလိဂ် သရဖူ ကာကွယ်ခွင့်ကို ဆုံးရှုံး လိုက်ရခြင်းနှင့် စပ်လျဉ်းပြီး ဘာစီလိုနာက ပိုကောင်းသဖြင့် ထိုက်ထိုက်တန်တန် ဗိုလ်စွဲသွားခြင်း ဖြစ်ကြောင်း ဂစ်က ၀န်ခံခဲ့သည်။

သို့သော်လည်း မန်ချက်စတာသည် ချန်ပီယံလိဂ် အောင်မြင်မှုများကို ကာလကြာရှည်စွာ ကျောခိုင်းမည် မဟုတ်ဘဲ နောက်နှစ်တွင်ပင် ဆုဖလားကို ပြန်လည် ရယူမည်ဟု ဂစ် ကဆိုသည်။ ချန်ပီယံလိဂ် ဖလားသည် မိမိတို့အတွက် အဓိက ပန်းတိုင် ဖြစ်လာမည်ဟု ဂစ်က MUTV နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

လက်ရှိ အသင်းသည် ငယ်ရွယ်ပြီး အတွေ့အကြံု ပြည့်ဝနေကြောင်း၊ ထိုလူအင်အားဖြင့် နောက်တစ်နှစ် ချန်ပီယံလိဂ် ဖလား ဆွတ်ခူးရန်မှာ မဖြစ်နိုင်သည့် ကိစ္စမဟုတ်ကြောင်း ဂစ်က သုံးသပ် ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here