H1N1 တုပ်ကွေး ကပ်ရောဂါ အဆင့်သို့ ရောက်ရှိနိုင်သည်ဟု သတိပေးသည့် W.H.O

alt

ကမာ္ဘ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) ၏ အကြီးအကဲဖြစ်သူ ဒေါက်တာ မာဂရက်ချန်က လက်ရှိအချိန်တွင် H1N1 တုပ်ကွေးသည် ကမာ္ဘ့ ကပ်ရောဂါ အဆင့်သို့ မရောက်ရှိ သေးသော်လည်း

ကူးစက် ခံရသူဦးရေ ဆက်လက် တိုးမြင့်နေမှုကြောင့် ကပ်ရောဂါအဆင့် သတ်မှတ်ရန် တစထက် တစ နီးကပ် လာနေကြောင်း သတိပေး ပြောကြားလိုက်သည်။

လက်ရှိ အချိန်တွင် WHO အနေနှင့် H1N1 ကို အဆင့်(၅)အဖြစ် သတ်မှတ်ထားသော်လည်း ဒေါက်တာ မာဂရက်က ကူးစက်နှုန်း လျင်မြန်ခြင်းကြောင့် အဆင့်(၆)ထိ တက်လာမည်ကို စိုးရိမ်လျက်ရှိသည်။

Xinhua သတင်းဌာန နှင့် အင်တာဗျုးတွင် ဒေါက်တာမာဂရက်က တစ်နေ့ထက် တစ်နေ့ ကူးစက်ရောဂါ အဆင့်နှင့် နီးကပ်လာမှု အတွက် ပူပန်မိကြောင်း ထုတ်ဖော်ဝန်ခံခဲ့သည်။ အထူးသဖြင့် မြောက်အမေရိကမှ တဆင့် လူမှ လူသို့ ကူးစက်မှုကြောင့် တစ်ကမာ္ဘလုံးရှိ ဒေသ အသီးသီးသို့ H1N1 ပြန့်နှံ့လာမှုကို WHO က ဂရုတစိုက် စောင့်ကြည့်နေရသည်။

အချို့သော နိုင်ငံများတွင် H1N1 ရောက်ရှိနေသည်ကို မဖော်ထုတ်နိုင်သော အခြေအနေမျိုး ဖြစ်လာနိုင်ကြောင်းလည်း WHO က ကြေညာ ထားခဲ့သည်။

မက္ကဆီကို မှ စတင်ခဲ့သော အဆိုပါ H1N1 တုပ်ကွေးသည် ယခုအခါတွင် ကမာ္ဘ့နိုင်ငံ အတော်များများသို့ ရောက်ရှိနေပြီ ဖြစ်သလို လူအတော်များများတွင်လည်း ရောဂါကူးစက်ခံရပြီး အနည်းဆုံး လူရာဂဏန်းကို အလျှင်အမြန်ရက်ပိုင်း အတွင်းသေစေခဲ့ကြောင်း WHO ၏ စစ်တမ်းတွင် ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here