စီရီးအေ ပွဲစဉ်များပြီးမှသာ အက်ဒရိယာနိုအား ခေါ်ယူမည်

alt

ဖလာမင်ဂို အသင်း နည်းပြ ကူကာက ၎င်းတို့ အသင်းသည် အက်ဒရီယာနို ကို အလျင်စလို အသင်း သို့ ခေါ်ယူ သွားမည် မဟုတ်ဘဲ အင်တာ မီလန် အသင်း၏ စီးရီးအေ ပွဲစဉ် အားလုံး ပြီးဆုံး ချိန်မှ ခေါ်ယူမည် ဖြစ်ကြောင်း ပြောကြား လိုက်သည်။

အသက် (၂၇)နှစ် အရွယ် ဘရာဇီး လက်ရွေးစင်ဟောင်း တိုက်စစ်မှူး သည် ဘရာဇီး ကလပ် ဖလာမင်ဂို နှင့် တရားဝင် စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ပြီး ၎င်းအား ဖလာမင်ဂိုက ချက်ချင်း ခေါ်ယူသွားတော့မည်ဟု သတင်းများ ထွက်ပေါ် လာခဲ့သေး၏။

သို့သော်လည်း ကူကာ က လက်ရှိ အနေအထား အရ အက်ဒရီယာနို အား အင်တာ မီလန် ကစားသမား အဖြစ်ပင် သတ်မှတ် ပေးထားမည် ဖြစ်ပြီး အီတလီ စီးရီးအေ ချန်ပီယံအင်တာ ၏ ပွဲစဉ်များ အားလုံး ပြီးဆုံးချိန် အထိ စောင့်ဆိုင်း ခေါ်ယူ သွားမည် ဖြစ်ကြောင်း အတည်ပြု ခဲ့သည်။

ထို့အပြင် နောက်ထပ် လိုအပ်သော ဆေးဝါး စစ်ဆေးမှုများကိုလည်း ပြုလုပ်ရန် ကျန်သေးကြောင်း ကူကာ က ဆိုသည်။ ထို့အပြင် ကူကာ က အက်ဒရီယာနို သည် အသင်းတွင် အခွင့်ထူး ရရှိမည် မဟုတ်ဘဲ ၎င်းအနေနှင့် ကြိုးစားမှု မရှိလျှင် အရံခုံတွင်သာ ထိုင်နေရမည် ဖြစ်ကြောင်း ယတိပြတ် ပြောဆို ထားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here