နာမည်ကျော် Celebrity များ ၏ အမည်များ ကို ကင်ပွန်း တပ် လာ

alt

ဗြိတိန်ရှိ မိဘများသည် ၎င်းတို့၏ သားသမီးများကို အမည် နာမမှည့် ခေါ်ရာတွင် နာမည်ကျော် Celebrity များ၏ အမည်များ ကို ထည့်သွင်းလေ့ရှိပြီး ယခု အခါ တွင် အက်ရှတန် ကက်ချာ နှင့် ကီယာ နိုက်တလီ တို့မှာ နာမည် အတုခိုးခံရဆုံး Celebrity များ ဖြစ်လာ ခဲ့ကြောင်း သိရသည်။

ထို့အတူ ဂျုလောကို တုပပြီး ဂျုဟု မှည့်သည့် ကလေးများ၊ စကားလက် ဂျိုဟန်ဆန် ၏ အမည်ကို အစွဲပြုပြီး စကားလက်ဟု အမည်မှည့် ခေါ်မှုများ အများအပြား ရှိနေကြောင်း လည်း စစ်တမ်းတခုက ဖော်ပြ ထားသည်။

အဆိုပါ စစ်တမ်းကို မိသားစု သမိုင်းကြောင်း ၀ဘ်ဆိုဒ်ဖြစ်သည့် findmypast.com က စစ်တမ်း ကောက်ခံခဲ့ခြင်း ဖြစ်သည်။ အခြားသော အမည်များ မှာ ပဲရစ်ဟီတန် ကို အစွဲပြု မှည့်ခေါ်သည့် ပဲရစ်၊ ရီဟာနာ၊ လီယိုနာဒို နှင့် မက်ဒေါနား ၏ ခင်ပွန်းဟောင်း ဂိုင်းရီချီ ကို အစွဲပြု သည့် ဂိုင်း စသော အမည်များ ဖြစ်ကြောင်း သိရသည်။

ဗြိတိသျှ လူမျိုးများသည် ထိုကဲ့သို့ နာမည်ကျော်များ၏ အမည်များကို အစွဲပြု မှည့်ခေါ်ရာတွင် ၀ါသနာ ထုံလေ့ ရှိပြီး မကြာသေးမီ နှစ်များအတွင်းက မိုက်ကယ်ဂျက်ဆင် ၏ အမည်ကို အစွဲပြုပြီး သား ယောက်ျားလေး အတော်များများ ကို မိုက်ကယ် ဟု အမည် မှည့်ခဲ့ ကြကြောင်း findmypast.com က ထုတ်ဖော် ပြောလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here