ဂျပန်နိုင်ငံတွင် အလုပ်လက်မဲ့ ပြဿနာ ကြီးမား နေဆဲ

alt

ဂျပန် နိုင်ငံ၏ စက်ရုံ အလုပ်ရုံများသည် (၅၆) နှစ်တာ ကာလအတွင်း ထုတ်ကုန်ပမာဏ အမြင့်မားဆုံး ရောက်အောင် တိုးတက် ထုတ်လုပ် လာနေသော်လည်း လက်ရှိအခြေအနေတွင် အလုပ်လက်မဲ့ ပြဿနာမှာ ကြီးမား လာနေဆဲ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ငွေကြေးတန်ဖိုး ကျဆင်း လာမှုသည်လည်း ကမာ္ဘ့ ဒုတိယအကြီးဆုံး စီးပွားရေး စနစ်ကို ထူထောင်ထားသည့် နိုင်ငံအတွက် ထိခိုက်မှုများ ရှိနေဆဲ ဖြစ်သည်။

ဂျပန် စက်မှုလုပ်ငန်းများ၏ ထုတ်ကုန် ပမာဏသည် ပြီးခဲ့သည့်နှစ် ဧပြီလ ကထက် (၅.၂) ရာခိုင်နှုန်း တိုးပွားလာပြီး ထိုအခြေအနေသည် (၁၉၅၃) ခုနှစ် မတ်လ အတွင်းက ထုတ်ကုန် တိုးမြင့်မှုနောက်ပိုင်း နိုင်ငံ၏ စံချိန်တင် ပမာဏလည်း ဖြစ်သည်။

ထို့အပြင် လုပ်ငန်းရှင်များက မေလနှင့် ဇွန်လများ အတွင်း တိုးတက်မှုများ ဆက်လက် ရရှိဦးမည်ဟု ကြိုတင် ခန့်မှန်းထားကြသည်။ အထူးသဖြင့် အီလက်ထရောနစ် ပစ္စည်းများ၊ ဓာတုဗေဒ ပစ္စည်းများနှင့် ပို့ဆောင်ရေး လုပ်ငန်းသုံး ပစ္စည်းများ ထုတ်လုပ်မှုတွင် ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့ကြောင်း လုပ်ငန်းရှင်များက ကြေညာခဲ့ကြသည်။

ထုတ်ကုန်လုပ်ငန်း တိုးတက်မှုများ ရှိလာခဲ့သည့်တိုင် အလုပ်အကိုင်နေရာ ရှားပါးမှုသည် အခြားသော စက်မှုဖွ့ံဖြိုးပြီး နိုင်ငံများနည်းတူ တစထက်တစ ကြီးထွား နေဆဲဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here