ဂူးဂဲယ် ကလည်း Wave ဆိုရှယ်နက်ဝပ်ကင်း ဝန်ဆောင်မှု လာချေပြီ

alt

Google သည် Social Networking ၀န်ဆောင်မှု လောကအတွင်း ၎င်း၏ ခြေလှမ်းကို Wave ဖြင့် စတင်တော့မည် ဖြစ်သည်။

ယခင် ကတည်းက အကောင် အထည်ဖော်နေသော Wave သည် Facebook နှင့် MySpcae တို့အား ယှဉ်ပြိုင်ရန် ကြိုးစားနေသည့် Google သည် Wave တွင် e-mail စနစ်၊ instant messaging စနစ်၊ Wiki၊ Multimedia Management စနစ်နှင့် Document စနစ်များကို ထည့်သွင်း ပေးထားကြောင်း ကြေညာထားသည်။

အဆိုပါ ၀န်ဆောင်မှုသည် နာမည်ကျော် Swiss Army အိတ်ဆောင်ဓား ကဲ့သို့ လုပ်ငန်းဆောင်တာ အမျိုးမျိုးကို ဆောင်ရွက်နိုင်မည်ဟု Google ကဆိုသည်။ Google အနေနှင့် အဆိုပါ Social Networking ၀န်ဆောင်မှုကို အကောင်အထည်ဖော်ရန် နှစ်နှင့် ချီပြီး အချိန်ယူခဲ့ရသည်။

ထို့အပြင် Wave တွင် Gmail၊ Gtalk၊ Picasa၊ Blogger နှင့် အခြားနာမည်ကျော် ဆိုဒ်များကိုပါ ချိတ်ဆက်ပေးထားရန် Google က စီစဉ်ထားသည်။ ကုမ္ပဏီအနေနှင့် အားပေးသော ပရိသတ်များအတွက် အဆင်ပြေစေမည့် နည်းလမ်းများကို အဓိက ဆောင်ရွက်နေကြောင်း Google ကဆိုသည်။ ထို့အပြင် Wave ကို ဖန်တီးခြင်းကြောင့် Google ၏ အရှိန်အဝါ ပိုမို တိုးတက်လာမည် ဟုလည်း မျှော်လင့်ထားကြောင်း ကမာ္ဘကျော် Search Engine ကုမ္မဏီကြီးက ကြေညာချက် ထုတ်ပြန်ထားသည်။

Google ၏ ၀န်ဆောင်မှုအသစ် Wave ကို ယခုနှစ် နှောင်းပိုင်းတွင် စတင် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here