ဂျပန်တွင် ကျင်းပတဲ့ ဒီပဲယင်း လုပ်ကြံမှုကြီး (၆)နှစ် ပြည့်် အခမ်းအနား

alt

ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမူကြီးနှင့် ပတ်သက်၍ ပြည်ပရောက် မြန်မာ့ ဒီမိုကရေစီ လှုပ််ရှားသူများ ကလည်း အမူမှန် ပေါ်ပေါက်ရေး အတွက် နည်းမျိုးစုံဖြင့် ဖိအားပေး တောင်းဆိုနေခဲ့ကြရာ ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အရေးနှင့်

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် လှုပ်ရှားနေကြသော အဖွဲ့အစည်းများလည်း အပါအဝင်ဖြစ်ပြီး လစဉ် ၃၀ရက်နေ့တိုင်း ဒီပဲယင်း အမူမှန်ပေါ်ပေါက်ရေး အတွက် ဂျပန် – န.အ.ဖ စစ်အခွန်ရုံး ရှေ့တွင် တောင်းဆို ဆန္ဒပြနေ ခဲ့ကြသည်။

၂၀၀၉ ခုနှစ်၊ မေလ၊ ၃၀ရက်နေ့တွင် ဒီပဲယင်း လုပ်ကြံမူ ခြောက်နှစ် တင်းတင်းပြည့်သည့်နေ့ ဖြစ်သည့် အတွက် မေ(၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့်် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ ဦးဆောင်ပြီး တိုကျို၊ ရှိ်နဂဝ အရပ်တွင်ရှိသော မြန်မာ စစ်အခွန်ရုံးရှေ့တွင် နေ့လည် (၃)နာရီမှ ညနေ (၅)နာရီအထိ ကျင်းပပြုလုပ်သွားသည်ဟု သိရှိရသည်။

alt 

န.အ.ဖ စစ်အခွန်ရုံးရှေ့  လွမ်းသူပန်ခွေ ချသူများနှင့် စည်ကားလျှက်

၎င်းဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားအား ဂျပန်နိုင်ငံတွင်ရှိသော မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှား ဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ နှင့် ဂျပန် NGO အဖွဲ့အစည်း များလည်း လာရောက် ပူးပေါင်း တက်ရောက်ခဲ့ကြပြီး အဖွဲ့အစည်း အသီးသီးမှ ဒီပဲယင်းလုပ်ကြံမူနှင့် ပတ်သက်သော ၀မ်းနည်းခြင်း သဝဏ်လွှာများ ဖတ်ကြားသွားကာ န.အ.ဖ စစ်အခွန်ရှေ့တွင် မေ၃၀ရက်နေ့၌ အတိုက်ခံ ခေါင်းဆောင်များ၏ အသက်ကို ကာကွယ်ရင်း ကျဆုံးခဲ့ရသော ရဟန်းရှင်လူ အာဇာနည်များ အတွက် ၀မ်းနည်းခြင်း လွမ်းသူ့ပန်းခွေ၊ ပန်းစီးခြင်းများ ချခြင်း၊ သေဆုံးသူများ အတွက် မိမိတို့ ကိုးကွယ်ရာ ဘာသာအလိုက် ငြိမ်သက်စွာ ဝတ်ပြုဆုတောင်းခြင်းများ ပြုလုပ်သွားခဲ့ ကြသည်။

အခမ်းအနားကို အခမ်းအနားမှူးအဖြစ် အဟာရစာစောင် မှ အယ်ဒီတာ ဦးသက်လင်း မှ တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပြီး ဂျပန်ရောက် မြန်မာပြည် ဒီမိုကရေစီအရေးနှင့် ငြိမ်းချမ်းရေးအတွက် လှုပ်ရှားကျိုးပမ်းနေသူ အင်အား၄၅၀ခန့် တက်ရောက်ခဲ့သည်ဟု သိရှိရသည်။

သတင်း ကျော်ကျော်နိုင်

LEAVE A REPLY

Please enter your comment!
Please enter your name here